အပိုင်း (၁) လင်းမင်

678 35 0
                                    

ကောင်းကင်ကံကြမ္မာမြို့တော်သည်​ ကောင်းကင်ကံကြမ္မာနိုင်ငံတော်
အတွင်းမှာတည်ရှိပြီး
နက်နဲသိမ်မွေ့သော သိုင်းစံအိမ်ခုနှစ်ခုတည်ရှိပြီး
ကြီးမားသော ကျောက်အမည်ရ တောင်များမပေါ်မီကတည်းကတည်ရှိခဲ့သည်။ နက်နဲသိမ်မွေ့သော သိုင်းစံအိမ်ခုနှစ်ခု - သိုင်းစံအိမ်များဖြစ်ကြပြီး ကြီးမားကျယ်ပြန့်သော ချိုင့်ဝှမ်းခုနှစ်ခု ကနေတည်ထောင်ခဲ့သည်။သိုင်းဂိုဏ်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း ခြောက်ရာကျော်ရှိသော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်။သူတို့တည်ထောင်ထားမှုကြောင့် ကောင်းကင်ကံကြမ္မာမြို့တော်မှာ သိုင်းစံအိမ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။

အကြီးကျယ်ဆုံးသိုင်းစံအိမ်ဖြစ်သောကြောင့် သိုင်းစံအိမ်ခုနှစ်ခုအတွင်းမှာ အမွေအနှစ်အဖြစ် အကြီးကျယ်ဆုံးသောသိုင်းကျမ်းများနဲ့ သိုင်းပညာရှင်များကို သင်တန်းဆရာအဖြစ် ပိုင်ဆိုင်ထားကြသည်။ ဒါတွေက သဘာဝပါပဲ သိုင်းပညာရှင်ဖြစ်ရန်ဆန္ဒပြင်းပြသော လူငယ်များစွာအတွက် ဒီနေရာဟာ မြင့်မြတ်တဲ့နယ်မြေဖြစ်လာပါလိမ့်မယ်။ တူညီစွာနဲ့ သိုင်းစံအိမ်ခုနှစ်ခုက ကျောင်းသားသစ်တွေရဲ့ ဝင်ခွင့်စာမေးပွဲဟာ အဝင်မှာကိုက လိုအပ်ချက်တွေကအတော်ကြီးကို မြင့်မားလှပါတယ်။
ဒီလိုပြောနေတာက အမှန်တော့ ချဲ့ ကားပြောဆိုခြင်း မဟုတ်ပါဘူး လူတစ်သန်းမှာမှ တစ်ယောက်သာ အဆင့်မှီနိုင်ပါတယ်။

နွေရာသီရဲ့ ပူပြင်းလှတဲ့နေမင်းရဲ့အောက်မှာ လူငယ်တစ်ယောက်ဟာ ကြီးမားလှတဲ့ ကျောက်အမည်ရတောင်ရဲ့ တောထဲ တစ်ကိုယ်တည်းမတ်တပ်နေတယ်။သူ့ရဲ့ လက်သီးနှစ်ခုလုံးကို အဝတ်ရှည်ရှည်နဲ့ တုပ်ချည်ထားသည်။ ကိုယ်ခန္ဓာမှာ မည်သည့်အဝတ်အစားမှ ဝတ်ဆင်ထားခြင်းမရှိဘဲ သူရပ်ကြည့်နေတာက ကြီးမားလှတဲ့ သစ်ပင်ရှေ့မှာပြဲဖစ်သည်။ ကြီးမားလှတဲ့သစ်ပင်ရဲ့ ပင်စည်ကို လက်သီးဖြင့်တစ်ချက်ပြီးတစ်ချက်ထိုးနေပြီး ခြေထောက်နှင့်လဲ အားကုန်ကန်လိုက်သည်။

ဖိန်း..

ဖိန်း..

ကျယ်လောင်တဲ့ အသံတွေဟာ တောတောင်တစ်ခုလုံး ပြန့်နှံ့ နေတယ်။သစ်ပင်မှာရှိတဲ့ ထူထဲသောအခေါက်ဟာ
ထုထောင်းခံရပြီး သိသာစွာအခေါက်လှန်ကာ အောက်သို့ပြုတ်ကျလာခဲ့တယ်။ပင်စည်ကတော့
အခေါက်မကျန်တော့သောကြောင့် ဖြူရောင်သန်းကာ
ချောမွတ်နေပါတယ်။၎င်းပင်စည်မှာ သွေးစသွေးနများကို
ပင် တွေ့နိုင်ပေသည်။

Martial World (သိုင်းကမ္ဘာ)Where stories live. Discover now