အပိုင်း (၃) ထူးဆန်း​သော​ကျောက်​တုံး

592 37 11
                                    

"အစ်ကိုမင် အစ်ကိုက တစ်ကယ့်ကို အပေါ်စီးကနေ ပြန်ဆက်ဆံပေးလိုက်တာပဲ"ဟု လင်းရှောင်တုန်က လမ်းလျှောက်ရင်း ပျော်ရွှင်စွာနဲ့ ပြောလိုက်သည်။

လင်းမင်ကတော့ တိတ်ဆိတ်နေဆဲပါပဲ သူပြန်ပြောလိုက်တဲ့ စကားတွေက ခန်းနားကြီးကျယ်ပြီး
အထင်ကြီးလောက်စရာရှိပါသည်။သို့သော် ဇူရန်ကို ကျော်ဖြတ်ဖို့ဆိုတာက တစ်ကယ့်ကိုခက်ခဲပါသည်။
သူလိုအပ်ပြီး ပေးဆပ်ရမယ့်လုံ့လက အရမ်းကိုကြီးမားပါသည်။

သူက ပင်ပန်းတာတွေ ခါးသီးတာတွေကိုမကြောက်ပေ။
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုတော့ အတူတူထည့်တွက်လို့မရပါဘူး။
ဆေးဘက်ဝင်အပင်တွေကို ဒီဒဏ်ရာတွေကုဖို့ လိုအပ်ပြီး
အဲ့ဒီဆေးဘက်ဝင်အပင်တွေက သေချာပေါက်ကို ဈေးကြီးပါသည်။

လင်းရှောင်တုန်ကတော့ လင်းမင်ဘာတွေစဉ်းစားနေလဲ
ဆိုတာကို ခန့်မှန်းနိုင်စွမ်းရှိပါတယ် သူကပြောလိုက်တယ် "အစ်ကိုမင် အစ်ကိုလုပ်ရမှာက ပြင်းပြင်းထန်ထန်
လေ့ကျင့်ဖို့ပါပဲ ငွေရေးကြေးရေးဘက်ကိုကတော့
ငါရှာဖွေပါ့မယ် စိတ်ချယုံကြည်စွာနဲ့နားနေပါ
အခု မိသားစုထဲမှာ ငါ့အဖိုးက သိပ်မမြင့်ဘူးဆိုပေမဲ့လဲ
လှောင်တာတော့မဟုတ်ပါဘူး
ရွှေပြားလေးငါးရာကတော့ ငါရှာပေးနိုင်ပါတယ်"

လင်းမင်လမ်းလျှောက်တာရပ်လိုက်ပြီး လင်းရှောင်တုန်နဲ့
မျက်နှာချင်းဆိုင်ရန်လှည့်လိုက်သည်။ဘဝမှာ
ချမ်းသာကြွယ်ဝတဲ့ သူငယ်ချင်းတွေ အများကြီးရှိပါသည် ဒါပေမဲ့ ဒီထဲကမှ အကူအညီပေးဖို့
ကမ်းလှမ်းတဲ့သူကတော့ ရှားပါးပါသည်။ညီအစ်ကိုတွေ
ကြားမှာ ကျေးဇူးတင်ပါတယ်လို့ပြောခြင်းဟာ
သူတော်ကောင်းယောင်ဆောင်တာပဲ ဖြစ်သည်။
လင်းမင် ရပ်တန့်နေဆဲကနေ
တည်ကြည်လေးနက်သောအသံနဲ့ ပြောလိုက်သည်
"ရှောင်တုန် ကျေးဇူးတင်ပါတယ်"
"တော် ရပ်လိုက်တော့ ဒါငါ့အတွက် အရမ်းကို များလွန်း
နေပြီ ငါက သိုင်းပညာဘက်ကို ဘဝတစ်ခုလုံးပုံအပ်ပြီး
လိုက်စားတဲ့သူ မဟုတ်ဘူး ငါ ဒီနက်နဲသောသိုင်းစံအိမ်ခုနှစ်ခု ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေတာက ငါ့အဖေရဲ့ ဂုဏ်သတင်းကို ကာကွယ်ချင်လို့ပဲ။အစ်ကိုမင် တစ်ကယ်လို့ မင်းသာ အနာဂတ်မှာ ဆရာကြီး ဖြစ်ခဲ့ရင် ငါ့ကို ကာကွယ်ပေးရမယ်နော် ဟား.ဟား..ဟား"

You've reached the end of published parts.

⏰ Last updated: Aug 09, 2018 ⏰

Add this story to your Library to get notified about new parts!

Martial World (သိုင်းကမ္ဘာ)Where stories live. Discover now