မနက်ခင်းအစောပိုင်းဘဲရှိသေးတာတောင် ကျတော့် မျက်နှာသာမက တစ်ကိုယ်လုံး ရှိန်းတိမ်းဖိန်းတိမ်းတွေဖြစ်ကာ ပူထူနေသည်..။
ရာသီဥတုက အာ့လောက်လဲမပူဘဲနဲ့ ..ငါ ဘာတွေဖြစ်နေတာလဲ..။ဒုတ် ဒုတ် ဒုတ် ဒုတ် 📈📉📈📉📈
စိတ်ညစ်တယ်..
အဲ့ နှလုံးခုန်သံကတစ်မျိုး..
ဒီနေ့မှ ဘာလို့ အဲ့လောက်စိတ်ပျက်စရာကောင်းလောက်အောင် ခုန်နေတာလဲ မသိဘူး..အထဲကကောင်က တစ်မျိုး ...အပြင်က Jeon Jung kook ဆိုတဲ့ အကောင်ကြီးက တစ်မျိုး ..
ခုထိ ကျတော်ကို့ သူ့ပေါင်ပေါ်ကနေမချပေးသေးဘူး ..😒 ဒီကောင်ကြီး နဲနဲတော့ များနေဘီ .."Jung kook ငါ့ကို လွှတ်တော့..ပူနေပြီ ..လွှတ်. "
ဖက်ထားသည့် သူ့လက်ချောင်းတွေကို တစ်ချောင်းချင်းခွာကာပြောနေသော်လည်း ထိုသကောင့်သားက စောင်ဂရုတောင်မစိုက် ..
ကျတော့်ကို မျက်တောင်မခတ်ဘဲတောင် စိုက်ကြည့်နေလိုက်သေးတာ ~ငါတော့ ရှင်ချင်တာဖဲ ~
ပြောလေကဲလေ မန်းလေပြဲလေ ဆိုတာ ဒါမျိုးကိုပြောတာဘဲ ဖြစ်မယ် ~~" ဘာကြည့်နေတာလဲ Jung Kook ငါစိတ်တိုလာရင် ကုန်းကိုက်ပစ်တော့မှာနော် "
" Tae ကိုယ့်ကို ကိုက်ရဲလို့လား? "
ဒါသက်သက်စမ်းတာ..လူကိုများ မထီမဲ့မြင်နဲ့ 😕
ဖက်ထားတဲ့ လက်တွေကို တစ်စက်လေးမှ မခွာတဲ့အပြင် ပိုတိုးကာဖက်လာတော့ ခေါင်းအနဲငယ်စောင်းလိုက်ပြီး မျက်နှာနှင့်အနီးစပ်ဆုံးဖြစ်နေသည့် ပုခုံးသားကို ကိုက်ချပလိုက်သည်..။
မှတ်ပီလား ...
" ... "
အမ်!
ကျတော် ကိုက်လိုက်တယ်လေ..
ဘာလို့ Jung Kook ဆီက အော်သံတောင် ထွက်မလာရတာလဲ?
အကျီအပေါ်က ကိုက်လို့များ မနာတာလား?Jung kook မျက်နှာကို ပြန်ကြည့်လိုက်တော့လဲ သူက တုတ်တုတ်တောင်မလှုပ်...