" ဒီအတိုင်းဘဲ ရပ်နေတော့မလို့လား "
Jung kook ရဲ့ အပြောကြောင့် စိတ်နဲ့ကိုယ်နဲ့ကင်းကွာနေသလိုဖြစ်ရာမှ ဘေးပတ်ဝန်းကျင်ဆီကိုအကြည့်ရောက်မိသည်။
လူက နဂိုထဲကမှ သူ့ကြောင့် ကြောင်တောင်တောင်ဖြစ်ချင်နေတာ။ အခုသတိထားမိလို့ကြည့်လိုက်တော့မှ အမလေးလေးးး အိမ်ရှေ့တောင်ရောက်နေပါကောလားးး ။
" ဘာလဲ ကိုယ်အရင်ဝင်ရမှာလား "
" ကျစ်.."
စိတ်ပျက်တယ်။ တစ်ကယ်ကို စိတ်ပျက်တယ် ။
ပြောနေတဲ့ ပုံကိုက မုန်းချင်စရာကြီး ။
အိမ်ကို သူ့ယောက္ခမအိမ်များမှတ်နေလားမသိဘူး အဲလေယောင်လို့... သူ့ကြီးတော်လင်အိမ်များမှတ်နေလားမသိဘူး ပိုင်စိုးပိုင်နင်းနဲ့ ။" မားရေ သားပြန်ရောက်ပီ "
အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုးခန်းဆီသို့သာ တန်းဝင်လာလိုက်သည်။
ထုံးစံအတိုင်း မီးဖိုပေါ်ဟင်းအိုးတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ Mom ..။
" မားရေ..လို့ "
" ပြော Tae Tae..မား ဒီမှာအလုပ်ရှုပ်နေတာ မမြင်ဘူးလား? ကပ်ချွဲမနေစမ်းနဲ့ "
" အဟမ်း "
အရှေ့ကသားအမိ ၂ ယောက်ပြောနေဆိုနေတာကို မနှောက်ယှက်ချင်သော်ငြားလည်း ကိုယ်လဲရှိနေတယ်မှန်းသိအောင် ချောင်းဟန့်လိုက်မိသည်။
" အယ်...ဧည့်သည်လဲ ပါလာတာကိုး "
Tae အမေက အံသြသလိုလှည့်ကြည့်၍ပြောသလောက် ဟိုဂြိုလ်သားကောင်းလေးကတော့ အိမ်ရှင်နဲ့တောင်မတူ ကိုယ့်မသိသလို ဘာသိဘာသာနေနေလေရဲ့ ။
Hak~ ဟုတ်တော့လဲ ဟုတ်တာဖဲ အိမ်ရှင်ဖြစ်သူက လိုလိုလားလား အလည်ခေါ်လို့ရောက်လာခဲ့တာမှ မဟုတ်ဖဲရယ် ။
" ဧည့်သည့်ပါလာတာကို ဧည့်မခံဘဲ ဘာလုပ်နေတာလဲ Tae Tae "