Ting 🔔
( Baby Tae လေးရေ .. ကိုယ်အိမ်ရောက်နေပီနော် .. အောက်ကိုဆင်းလာပါတော့လို့ .. မွချင်နေဘီ သိလား 😉😘 )
ဟွန့် .. နှာဘူးကြီး ..
မနေ့က ကျောင်းမှာလူကြားသူကြားထဲ အတင်းတွေ ဒူးထောက်ပြီး ငိုပြမတက်တောင်းပန်လွန်းလို့ စိတ်ဆိုးပြေထားတာ။ ဒါတောင်..တစ်ရက်ဖဲ ရှိသေးတယ် ဇာတ်လမ်းက စလာဘီ ..
မွချင်နေဘီလေး ဘာလေးနဲ့ 😒
လူကိုလစ်ရင်လစ်သလို ဇိုးခနဲ ဇက်ခနဲ နမ်းတာက ဘယ်နှစ်ခါမှန်းမသိ ..
မလစ်ဘဲ တမင်တစ်ကာ နမ်းတာတွေကရှိသေး..။
ဒါတောင် အဖြေကပေးရသေးတာလဲမဟုတ်..။
အဖြေသာပြန်ပေးလိုက်လို့ကတော့ငါလေး ဘဝမတွေးရဲစရာ..အနဲဆုံးတော့ ဘက်လဘိုင်လိုက်လောက်ဒယ် 😷
မဖြစ်ဘူး ... မဖြစ်ဘူး ...
ခုထဲက တည်တည်တံ့တံ့ပြန်နေမှ တော်ကာကျမှာ။စားပွဲပေါ်တင်ထားသည့်စာအုပ်အချို့ကို လွယ်အိတ်ထဲကောက်ထည့်ပြီး ခပ်မြန်မြန်ဘဲအောက်ထပ်ဆင်းလာလိုက်တော့ ဧည့်ခန်းထဲ မိန့်မိန့်ကြီးထိုင်နေတဲ့ ဟိုလဒရယ်~
အိမ်ကိုသူ့အိမ်များထင်နေလားမသိ .. ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နဲ့ ။
မား ဆိုသည်မှာလဲ jung kook ကို kookie မှန်းသိသွားကထဲက အိမ်မခေါ်ထားရုံတမယ် နေ့တိုင်းကိုလာခိုင်းနေတော့တာ။
အဲ့ လဒက သူ့သားလေးကို ဘယ်လောက်တောင်အသားတွေယူနေလဲမသိဘဲနဲ့ ။
ခက်တယ် ခက်တယ်။လှေကားကနေ တဒုန်းဒုန်းဆင်းလာတဲ့အသံကြောင့် ထိုင်နေရာမှထကာ လှည့်ကြည့်လိုက်တော့...စောစောစီးစီးနှုတ်ခမ်းတစ်တောင်လောက်စူထားတဲ့ ကျတော့် Tae လေး။
" ဘာကြောင်ကြည့်နေတာလဲ Jung kook .. ငါသွားတော့မယ် .. မလိုက်ချင်လဲနေခဲ့ "
ဟောဗျာ..ခနလေးငေးခနဲဖြစ်သွားတာကို ကောက်သွားပြန်ဘီ ..
" Tae .. ခဏနေပါအူး .. ဘယ်လိုဖြစ်လို့ အဲ့လောက်လောနေတာလဲ.. "