Unicode version is available below
"ဒီလမ်းလား။"
"အင်း ဟုတ်တယ်။ ရှေ့ဆို ရောက်ပါပြီဗျာ။ ခင်ဗျား လိုက်မပို့လည်း ရပါတယ်ဆိုတာကို။"
"ဒီတစ်ခါ ထပ်ချော်လဲရင် ငါ့လို သူတော်ကောင်းမျိုးနဲ့ မင်းမတွေ့မှာ စိုးလို့လေကွာ။"
ဆေးရုံမှာတုန်းကတော့ "ကိုက ညီ့ကို စိတ်ပူနေတာ၊ ဘလာ ဘလာ ဘလာ" နှင့်၊ အခုများကျ မင်းတွေ၊ ငါတွေ ဖြစ်သွားတော့သည်။ ခင်ဗျား အပြောင်းအလဲ မြန်လွန်းတာပဲ၊ ကိုကျော်ပြည့်။
"ရပြီ၊ ရပြီ။ ဒီတိုက်ပဲ။"
"ဘယ်နှလွှာလဲ။ ဟိုးအပေါ်ဆုံးထပ်ဆို သေရချည်ရဲ့၊ ရှစ်လွှာတောင် တက်ရမှာ။"
"ခင်ဗျားကို ဘယ်သူက အတင်းလိုက်တက်ခိုင်းနေလို့လဲ။ အစကတည်းက လိုက်ပို့ပါလို့ရော ပြောမိလို့လား။"
ဘာပြောတယ်..နွားလေး၊ ငါက သူ့ကျေးဇူးရှင်ဆိုတာ မေ့သွားတာလား။ ပြောပုံဆိုပေါက်ကိုက လူမုန်းချင်စရာ။ ကျေးဇူးမတင်၊ ဖင်လှန်ပြချင်တဲ့ နွားပေါက်၊ ထားတော့ ပို့မယ့်ပို့မှတော့ ကူးတို့ရောက်အောင် ပို့မှပါပဲ။ စိတ်ကို ချုပ်တည်း၊ ကျော်ပြည့်...စိတ်ကို ချုပ်တည်း။
"သုံးလွှာမှာ၊ လိုက်မပို့ချင်လည်း နေခဲ့တော့။ သွားပြီ။"
"ညီ..."
သူ ပြန်ခေါ်သည်။ "ညီ"တဲ့။ အဲ့လိုပဲ ဆက်ခေါ်ပေးစေချင်မိသည်။ ဘာကြောင့်မှန်းတော့ ရေရေရာရာ ပြောမပြတတ်။
"ကို လိုက်ပို့ပါ့မယ်ကွာ။"
___________________
"ဟယ်လို၊ အမိန့်ရှိပါရှင်။"
"ဟယ်လို၊ အန်တီ..."
"ဪ သမီးလေး...ယုယ၊ ပြောလေ သမီး။"
"ဟုတ်ကဲ့ အန်တီ၊ သမီး ဒီနေ့ မလာနိုင်တော့လို့ပါ။"
"ဟယ် သမီးလေး၊ ဘာများ ဖြစ်လို့လဲ။ နေမကောင်းဘူးလား၊ သမီး။"
"ဟုတ်ကဲ့ အန်တီ၊ သမီး နည်းနည်းနေမကောင်းလို့ ခွင့်တစ်ရက်လောက် ယူချင်လို့ပါနော်၊ အန်တီ။"
"အမလေး မလိုပါဘူး သမီးရယ်။ သမီးလေးသာ နေမြန်မြန်ကောင်းပါစေ၊ နော်။ ကျန်းမာရေးကို ဂရုစိုက်မှပေါ့။ နေပြန်ကောင်းပြီဆိုမှပဲ လာခဲ့ချေ။ ဟုတ်ပြီလား၊ သမီး။"
YOU ARE READING
Final Year Dear Bro
Romance❗Updates every Saturday night ❗ပထမနှစ် ကျောင်းသားလေးတစ်ယောက်နဲ့ နောက်ဆုံးနှစ် အစ်ကိုကြီးတစ်ယောက်... ကျောင်းသွားရင်းက စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်... ရင်ခုန်စရာတွေနဲ့ ပြည့်နှက်လာတဲ့ တွေ့ဆုံမှုတွေ...