Part-2

648 54 2
                                    

Ohစံအိမ်တော်ကြီး၏ အိမ်ရှေ့တွင် ကားသုံးစီးဆင့်ရပ်ထားသည်။.
အိမ်ရှင်သည် ညီအကို သုံးယောက်လုံးဖြစ်ကြ၍ အိမ်ကပ်သည်ဟူ၍ မရှိကြပါ။

ထိုနေ့ညီအကိုသုံးယောက် ဧည့်ခန်းထဲတွင် စကားပြောနေကြသည်။
အကြီးဆုံးအကိုမှာ Oh young hwar
အလတ်မှာ... Oh min hyuk
အငယ်ဆုံး မှာ...Oh sehun ဖြစ်သည်။

Oh young hwar နဲ့ Oh min hyuk မှာ နှစ်နှစ်စီသာခြားကာ Oh sehun ကျတော့ အငယ်ဆုံးဖြစ်သည့်အပြင် Oh min hyuk အောက် လေးနှစ်ငယ်သည်။

ထို့ကြောင့် အကြီးနှစ်ယောက် က မင်းနဲ့ငါပြောသော်လည် Sehun က hyung ဟုသာ ခေါ်သည်။

"Oh sehun မင်းကောင်လေး တစ်ယောက်ယောက် နဲ့သွားသွားတွေ့နေတယ်ဆိုတဲ့ သတင်း ငါမသိသေးဘူးလို့များထင်နေတာလား "

sehun မျက်နှာ ပျက်သွားသည်။သို့သော် ချက်ချင်းပြန်ပြင်၍ " ကျွန်တော် အလုပ်ကိစ္စနဲ့ ဆက်သွယ်နေတာတွေပါ မရိုးသားတာ ဘာမှမရှိဘူး"

"ဟွန်း...."
Young hwar အံကိုတင်းတင်းကြိတ်၏။
" မင်းက ဒီလိုလား Oh sehun"
" မဟုတ်ဘူး"
Young hwar ဒေါသတကြီးပြောတော့မည်ပြင်လျှင် min hyuk က လက်ကာလိုက်ပြီး။

" ထားလိုက်စမ်းပါကွာ.....ပင်လယ်ကြီးက ကျဉ်းကျဉ်းလေး ဆင်းပြီး လက်ပစ်ကူးချင်နေတယ်ဆိုရင်လဲ ကူးကြည့်ပါစေ.."။

" မကူးရဘူး ဘယ်ယောက်ျားကိုမှ မေတ္တာထားဖို့မလိုဘူး။ အချစ်ကို ချိုသလားခါးသလား မမြည်းရဘူး: :: ဘာအချစ်လဲ ဘာယောက်ျားလဲ....
မင်း......မင်း....."

Young hwar ဝုန်းခနဲထရပ်လိုက်သည်။

"မင်းငါတို့မျက်နှာကို ဂရုမစိုက်ရင်တောင် ဖေဖေ့ ဒုက္ခတွေကို မမေ့သင့်ဘူး။ ယောက်ျားတစ်ယောက်ကြောင့် မှောင်မိုက်ခဲ့တယ် ယောက်ျားတစ်ယောက်ကြောင့် ပြာကျခဲ့ရတယ် ငါတို့သုံးယောက်လုံး ဘဝပျက်ခဲ့ရတယ် ဘာကြောင့်လဲ မာန ဇွဲ နဲ့ လုံ့လစိုက်ပြီး ငါတို့ မကြိုးစားခဲ့ရင်
ဒီဘဝအခြေနေမျိုးပြန်ရခဲ့မလား ။ "
~~~~~~~~~~~~~~~~~~~~~~~~~
//ko ko//

မျက်နှာမှစ၍ ဆံပင်တွေကို ဖွပစ်တဲ့အထိ စိတ်တွေရူပ်ထွေး မူံကုတ်နေသည့် Oh sehun မျက်နှာကို Min hyuk က မဲ့ပြုံးနှင့် စောင်းကြည့်သည်။

//Ko Ko //Where stories live. Discover now