Part-1

516 55 5
                                    

ဖုန်းကိုဘေးမှာချထားလိုက်ပြီး jong in ပြုံးမိသည်
ခုလောက်ဆို ကိုကို ဒေါသဖြစ်နေပြီလား... အံသြနေမည်လား......

ပလာဇာကို တစ်ယောက်တည်း သွားတက်နေပြီလားဆိုသည့် အံသြမူ့မျိုးနှင့် ဖုန်းကိုင်ရင်းပဲငိုင်ကျသွားမလား.....
ကားကိုခြံထဲသို့မောင်းဝင်လိုက်ရင်း ကိုယ့်အတွေးကို ပြုံးနေမိသည့် jong in နူတ်ခမ်းတွေ အိမ်ရှေ့တွင် ရပ်ထားသည့် ကိုကိုကား ကို မြင်လိုက်သည်နှင့် ချက်ချင်းစေ့ပိတ်သွားသည်
"ကိုကို ရောက်နေပြီ "....

အိမ်ကနေ ကိုကို လှမ်းဆက်သည်ဟုသာ ထင်ခဲ့သဖြင့် ချက်ချင်းလက်ငင်း အံသြသွားရသူမှာ သူသာ ဖြစ်နေ၏။

ရပ်ထားသည့် အဖြူရောင်ကားကြီး၏ နောက်မှာ သူ ကားလေးကို ရပ်ပစ်လိုက်ပြီး ကပျာကယာ ဆင်းမိသည်။

ကိုကို့ကို jong in အရွဲ့တိုက်ခဲ့တာ မှန်ပါသည် ။ ဒါပေ့မယ့် အမြဲတမ်း ကြောက်ရွံ့လေးစားခဲ့ရသော ကိုကို့ မျက်နှာရှေ့မှာတော့ ခုချိန်ထိ မဆိုးရဲသေးပါ။

အထုတ်အပိုးတွေကို ကားထဲက ဆွဲထုတ်နေမိသည့် jong in လက်ဖျားတွေအေးခဲလာသည် ။

ဒီဘက်ကိုပြန်လှည့်၍ တိုက်ရှေ့လှေကားထစ်တွေထိပ်မှာ ရပ်လိုက်မိစဉ် ပွေ့ပိုက်ထားသည့် လက်ထဲက အထုပ်တစ်ထုတ် လျှောကျသွားသည်။

စေ့ပိတ်ထားသည့် တံခါးကို ဖွင့်လိုက်၍ အိမ်ရှေ့ခန်းဆိုဖာပေါ်တွင် ထိုင်နေသော ကိုကို မျက်နှာပေါ် အကြည့်ရောက်သွားတော့ အထုပ် နောက်တစ်ထုပ် ထက်၍ ပြုတ်ကျလေသည်။

အထဲကိုရောက်တော့ jong in အထုတ်တွေကို ပြန်လိုက်ကောက်ပြီး နောက်ထက် မကျတော့ အောင် တင်းတင်းကျပ်ကျပ်ဖိပိုက်ထားလိုက်သည် ။

သူ၏ ဖရိုဖရဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသမျှကို ကိုကိုသည် ဆိုဖာနောက်မှာ ရပ်လျှက် ထောက်ထားသည့် လက်တစ်ဖက်ကိုလည်းမဖြုတ် ခါးတစ်ဖက်ကို ထောက်ထားသည့် လက်တစ်ဖက်ကလည်း ဒီအတိုင်း ။

ထို့ထက်ဆိုးသည်က တစ်ချက်မှမရွေ့လျားဘဲ စူးစိုက်ကြည့်နေသော ကိုကို့ မျက်ဝန်းတို့မှာ အရောင်များထွက်မတက် စူးလက်နေခြင်းဖြစ်သည် ။

//Ko Ko //Where stories live. Discover now