လေယာဉ်ကွင်းက ပြန်လာပြီး ကားပေါ်မှာ ကျွန်တော် စဉ်းစားနေမိသည်။ Jong လေး နဲ့ သူနဲ့ စဆုံတွေ့ခဲ့သည့် အချိန်ကို..
Flaskback
တောင်ကြီးကို sehun အလုပ်ကိစ္စ ဖြင့်သွားရင်းမှ လမ်းမှာလုပ်ကြံခံရ၍ ကားမှောက်ခဲ့သည်။
" အား"
Se hun နာကျင်စွာ ညည်းညူ လိုက်မိသည်။မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်ရင့း ကိုယ်ကို လှုပ်ရှာုးကည့်တော့ မရ။
ခေါင်းကတစ်စစ်စစ် နဲ့ ကိုက်လာသည်။
ကိုယ်အောက်မှာပိနေသည့်လက်ကို မနည်းဆွဲထုတ်ရသည်။ ခေါင်းကို စမ်းကြည့်လိုက်တော့ ဘယ်ဘယ် ချိုစောင်း နေရာမှာ ဆံပင်တွေနဲ့ ရောထွေးနေသော ပျစ်စေးသည့်သွေးများ..
မနေ့က အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း လမ်းမှာ လုပ်ကြံခံရခြင်းဖြစ်သည်။
ကြိုးစား၍ အားယူပြီး ထလိုက်သောအခါ စမ်းချောင်းလေးတစ်ခုအား တွေ့ရသည်။
သူစီးလာသော ကားသည်လဲ တစ်ဖက်သို့ ထိုးဆင်းသွားကာ သူသည်လဲ ဒီဘက်အခြမ်းကို ခုန်ဆင်းခဲ့သည်။ ပြန်စဉ်းစားမိရင်း အံကြိတ်မိသည် ကြိုတင်စီစဉ်ခါးခြင်းဖြစ်သည်။
ဘယ်သူတွေ ကြိုတင်စီစဉ်တယ်ဆိုတာ ကို တွေးမိလိုက်သော်လည်း အခုလောလောဆယ် သူသေချာပင် မတ်တပ်မရပ်နိုင်သေး။
ပထမ အရေးကြီးသည်မှာ ရေဆာလာခြင်းဖြစ်သည်။ စမ်းချောင်းလေးကို လှမ်းကြည့်ရင့းအားတင်းပြီးနေကာမှ ထလိုက်သည်။ ခြေထောက်က ခေါက်ထားသည်လား မထောက်ထားသည်လားတောင် မသိတော့။ လက်က ဆွဲလိုက်သော အရာသည် အမာခံမဟုတ်ဘဲ ပြုတ်ပါလာလေရာ သူ့ကိုယ်လဲ ဘာနဲ့မှ အထိန်းအကွတ်မရှိတော့သလို ဒလိမ့်ခေါက်ကွေး ပြာတ်ကျ သွားခဲ့သည်။
" အ "
စမ်းချောင်း၏ အစပ်တွင် နံရိုးနှင့်တည့်တည့် သို့ ကျောက်တုံးခုလျှက် ပြစ်ကျ သွားသောကြောင့် သူအသက်ရူမှား သွား ပြန်သည်။ ကံကြမ္မာသည် သူ့ကို ရေရှိရာသို့ ချက်ချင်းရောက်သွားအောင် ပိုပြေးလိုက်သလို ဖြစ်သော်လည်း သူ့မှာတော့ ခံရ ချက်မှာ မသက်သာ။
YOU ARE READING
//Ko Ko //
Fanfictionကိုကို ဖန်တီထားသော ကမ္ဘာတွင် ကျွန်တော်နေထိုင်သည် .............................................:............................... ............................................... ............................................ ...