Part-5

455 43 4
                                    

               ရန်ကုန်ကို ပြန်ရောက်တော့ ဆေးရုံတက်ရသည်။ ဆေးရုံတက်နေချိန်တွင် ကလေးအဆင်ပြေရဲ့လားလို့တော့ တွေးမိပေ့မယ့် အလုပ်ကိစ္စများနဲ့ရှုပ်ယှက်ခက်နေသောကြောင့် နောက်ပိုင်းတွင်မေ့သွားခဲ့သည်။

         သို့သော်....... ကံကြမ္မာစေစားရာအတိုင်းပင်......

     ဧည့်ခန်းထဲတွင် ညီအကို သုံးယောက်ထိုင်ပြီး စကားပြောနေချိန်၌ ကိုလေးက ကိုကြီးကို အကိုဒီမှာကြည့် ဘယ်သူ့ပုံလဲ ဆိုတာ အကိုကြည့်လိုက်တာနဲ့စိတ်ကျေနပ်မှု့ရသွားမှာ။
   
   ဟားဟား..ဘာလဲ ဟိုမိန်းမရဲ့ ကလေးကို တွေ့လာပြီလို့ပြောချင်တာလား..ငာ့အတွက် ကျေနပ်စရာဆိုတာ အဲ့တစ်ခုပဲရှိတယ်...

         တကယ်တွေ့လာတာ..

       " ဘာ"
မင်းတကယ်ပြောနေတာလား ။ ကိုကြီးကို ကျွန်တော်ု ညာစရာလားဗျာ ။ ဒါမဲ့တစ်ခုပဲ မိန်းကလေးမဟုတ်ဘူး ယောက်ျားလေး ။

      ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဘဲ ဖြစ် ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် သူ့အမေ ငါတို့မိသားစုအပေါ်လုပ်ခဲ့အတိုင်း သူ့သားက ပြန်ပေးစပ်ဂမှာပဲ။
        အဲ့တော့ ကိုကြီးက ဘယ်လို လုပ်ချင်တာလဲ ။

   Sehun ကတော့ ဝင်မပြောပေ။ အရင်ထဲက သူက အဲ့ကိစ္စတွေမှာ သိပ်ဝင်မပါ။  အတိတ်တွေက အတိတ်မှာပဲ ထားပြစ်စေချင်ခဲ့သည် ။ အာ့ကြောင့် ဘာမှ ဝင်မပြော ။ အစထဲက အကိုနှစ်ယောက်က သူ့ကို အဲ့မိန်းမရဲ့ကလေးကို ဝိုင်းရှာပေးဖို့ပြေပေ့မယ့် ကလေးနဲ့ မဆိုင်တဲ့ ကိစ္စမို့ သူဝင်မပါခဲ့  ဘာဆိုဘာမှ မပြောခဲ့ အဲ့ကထဲက အကိုနှစ်ယောက် က သူ့ကို သူ့သဘောတိုင်းသာနေစေပြီး သူတို့ဘာသာ လှုပ်ရှားနေကြသည်။ ခုလဲ သူဘာမှ ဝင်မပြောဖြစ်။ laptop ကိုသာ ကြည့်၍ အလုပ်စရင်းများမှတ်နေလိုက်သည်။

       ဒါဆို ကိုကြီး ဘယ်လိုလုပ်မှာလဲ။ အဲ့မိန်းမ မိသားစုကို သူ့ဘဝကြီးကလဲ ကျွန်တော်တို့ကို သူလုပ်သွားတဲ့ အတိုင်းပဲ  သူပြန်ခံနေရပြီ သူအောက်ပိုင်းချိနေတယ်တဲ့ ပြီးတော့ သူ့ယောက်ျားကလဲ နောက်မိန်းမနဲ့ဖောက်ပြန်နေတယ် ပြီးတော့ကလေးကိုပဲ ဂရုစိုက်တယ် သူ့ကိုဆိုလုံးဝကိုလှည့်မကြည့်တာတဲ့ ။

//Ko Ko //Where stories live. Discover now