O.N.E

2.9K 160 10
                                    

ကြည်လင်လှသော မိုးကောင်းကင်အောက်...

ရာသီဥတုသာယာသောနေ့ဖြစ်တာကြောင့် ဟန်မြစ်ဘေးကမ်းရှိ ပန်းခြံထဲ၌ သာမန်ထက် လူပိုစည်လျက်ရှိသည်...။

နှစ်ကိုယ်ကြား ပျော်ရွှင်စွာ ဒိတ်လုပ်နေကြသော စုံတွဲများရှိသလို ကလေးအစုံအညီနှင့် မိသားစုများမှာလည်း ပျော်ပွဲစားအသေးစားလေး ကျင်းပနေကြသည်...။

ဘယ်ထောင့် ဘယ်နေရာပဲ ကြည့်ကြည့် ကြည်နူးစရာ အပြည့်..တစ်ကိုယ်တည်း သွားလာလှုပ်ရှားသူများထံသို့ပါ အပျော်များ ကူးစက်လျက်..

ပတ်ဝန်းကျင်တစ်ခုလုံးမှာ နူးညံ့စွာလှပ၍ ချစ်ခြင်းမေတ္တာတို့ကြောင့် ပန်းရောင်သန်းနေသယောင်ပင်ဖြစ်သော်လည်း တစ်လောကလုံးနှင့် ဆန့်ကျင်ဘက် တစ်ယောက်တည်း မိုးသက်လေပြင်းတိုက်နေသူမှာ...

တစ်မိုးအောက်တစ်ယောက်..ပတ်ဟွာယောင်း..

"အကျိုးနည်းနဲ့မှပဲ..ငါကြိုက်တဲ့သူဆီက အငြင်းခံလာရပါတယ်ဆိုမှ အရိုတစ်လိုင်းတွေလုပ်ပြနေတယ်..အေးပါ..လုပ်ထားကြ..တစ်နေ့ နင်တို့လည်း ငါ့ကို ကိုယ်ချင်းစာနိုင်မယ်"

ရှိသမျှ ဒေါသတို့ကို နံဘေးရှိ မြင်ရသမျှ အတွဲတွေ အပေါ် မဆီမဆိုင် လွှဲချလိုက်မိသေးတာ..

"အေးဟေ့..ငါ ဒီတစ်သက် ဘယ်သူ့ကိုမှ မကြိုက်တော့ပါဘူးဟ.."

ဟွာယောင်းရဲ့စက်ကွင်းနဲ့ မလွတ်တဲ့ မြေပြင်ပေါ်က သံဘူးအလွတ်လေးဟာလည်း ဓားစာခံကိုဖြစ်လို့....အားဘယ်လောက်သုံးပြီး ကန်မိလိုက်လည်းမသိ..တစ်ထွာနီးပါးရှိတဲ့ သံဘူးရှည်ဟာ မြူမှုန်သာသာလောက် အနေအထားနဲ့ မြင်ကွင်းကနေ ပျောက်ဆုံးသွားသည်...

ဒီနေ့ဟာဆိုရင်ဖြင့် ပတ်ဟွာယောင်း အတွက် ပြဿဒါး အကြီးစားပင် ဖြစ်သည်။မနက်ခင်း မျက်လုံးနှစ်လုံးပွင့်ကတည်းက တစ်ခုပြီးတစ်ခုဖြစ်နေလိုက်တာ..သွားပွတ်တံကအိမ်သာခွက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ပြုတ်ကျသွားတာမျိုး ၊ အကျၤ ီ အဖြူပေါ်ကိုမှ ကော်ဖီမှောက်သွားတာမျိုး ၊ အဆိုးဆုံးကတော့ နှစ်နှစ်လောက် ကြိတ်သဘောကျလာရတဲ့ ရွယ်တူ သူငယ်ချင်း ကောင်လေး ဆီက အငြင်းခံလိုက်ရတာပင်..။

M A Y B E...Y O UWhere stories live. Discover now