နောက်ဆုံး message မှာမှားပို့မိတာဖြစ်ကြောင်း ဘယ်လိုreasonကောင်းကောင်းပေးရမလဲဆိုတာကို ဘယ်လောက်စဉ်းစားစဉ်းစား ထွက်မလာ...
"ပတ်ဟွာယောင်း..စိတ်အေးအေးထား..ကိုယ်ကမှားပို့လိုက်တာပဲဟာ..ရိုးရိုးပြောလည်းရတတာပဲဟာ..နော်.."
ကိုယ့်ဟာကိုယ် ဖြန်ဖြေပြီး မှားနှိပ်မိတာပါဆိုတဲ့ နောက်ထပ် စာတစ်စောင် မပို့ခင် စပ်ကြား ရုတ်ချည်းဝင်လာသော စာမှာ...
" 💚 ^^ "
ဟူ၍ဖြစ်သည်...။
ထိုစာမှာလည်း သေချာပေါက် ဆော့ဂျင်ဆီကပင်...
"ငါလေး မျက်စိမှောက်သွားတာမဟုတ်ဘူးမလား..."
မျက်လုံးနှစ်ဖက်ကို ကြမ်းကြမ်း ဖိပွတ်လိုက်ပြီး မရဲတရဲ ပြန်ဖွင့်ကြည့်လိုက်မိတော့ ခုနကအတိုင်း မပြောင်းလဲ...
"အဟီးအဟီး...."
ဘာစကားမှဆက်မဟနိုင်ဘဲ ကုတင်ပေါ်လူးလှိမ့်ကာ အပျော်ကြီးပျော်နေမိသည်...။ထို့ပြင် ခေါင်းအုံးကိုလည်းတဘုန်းဘုန်းရိုက်ကာ အကျယ်ကြီးအော်ရယ်နေလိုက်သေးတာ..တော်သေးတာပေါ့..အိမ်မှာ ဘယ်သူမှ မရှိလို့..မဟုတ်ရင်
"အငယ်မ နင် ရူးသွားပြန်ပလား"မေးမယ့် အစ်ကိုရယ်.."သမီးလေး စိတ်ထိန်းပါ..လိုအပ်ရင် မေမေတို့ ဆေးခန်းပြပေးမယ်နော်"လို့လှောင်မယ့် အမေရယ်..."ဟဲ့..တစ်အိမ်လုံး နင့်ချည်းပဲထင်နေလား..တိုးတိုးနေ.."ဟုလှမ်းဆူမယ့် အဖေရယ်နဲ့ မတွေးဝံ့စရာ...ကုတင်ပေါ်မှာ လူးလှိမ့်နေတာ ဘယ်လောက်တောင်ကြာသွားမှန်းမသိ..အိမ်အောက်ထပ်က တံခါးဖွင့်သံသဲ့သဲ့ကြားမှ သတိရတော့သည်...။
ကိုကြီးပြန်လာပြီထင်တယ်...
အိပ်မပျော်သေးမယ့် အတူတူ အောက်ထပ်ကိုဆင်းသွားလိုက်သည်...။
ဟွာယောင်းကိုမြင်တော့ ဂျီမင်းက အံ့သြလို့..
ကာလနဂါးမက ညဥ့်နက်သန်းခေါင်ထိ မအိပ်သေးတော့ ထူးဆန်းနေမှာပေါ့...
"မအိပ်သေးဘူးလား...ကိုကြီးကြောင့်နိုးသွားတာလား..."
အာလေးလျှာလေးနဲ့မို့ ကိုကြီး နည်းနည်းသောက်လာပုံရသည်..