T.W.O

1K 111 3
                                    

"ဟဲ့..နင် ဖူးစာရှင် ထပ်တွေ့သွားပြန်ပြီဆို.."

"နင့်ကို ဘယ်သူပြောလဲ..."

မင်ဂျီပြောထားရုံမှအပ ပြောမယ့်သူမရှိမှန်းသိသော်လည်း ထပ်မေးလိုက်သည်။

"မင်ဂျီမ ပြောတာ..ဘာလဲ..အမှန်ပဲလား.."

"အင်းလေ..သူပြောတဲ့အတိုင်းပဲပေါ့..."

ဟွာယောင်းရဲ့အဖြေကို မနှစ်သက်သလို စုတ်တစ်ချက်သပ်လိုက်ကာ သူမ ကို စိုက်ကြည့်လာတဲ့ ထယ်ယောင်း..

"နင့်ဘေးမှာရှိတဲ့ငါ့ကိုကျော်ပြီးဘာလို့တခြားသူတွေပဲလိုက်ကြိုက်နေရတာလဲဟာ.."

"ရော်..ပြောပြီးပါရော..နင်နဲ့ငါနဲ့ကြားက ခုနစ်နှစ်လောက်ပေါင်းလာတဲ့ သူငယ်ချင်း သံယောဇဉ်ကို အရောင်မဆိုးချင်ပါဘူးဆို.."

ထယ်ယောင်း ဒီလိုပြော ပြော နေတာ အခုမှမဟုတ်...ဟွာယောင်းတို့ အထက်တန်းနောက်ဆုံးနှစ်လောက်တည်းက တတွတ်တွတ်ပြောနေကြ...အဲ့လိုပြောလိုက်တိုင်း အရမ်းseriousဖြစ်သွားတဲ့ ထယ်ယောင်းရဲ့ပုံစံကို နည်းနည်းမှသဘောကိုမကျတာ..

ထယ်ယောင်းဘက်ကအလေးအနက်သဘောထားပေမယ့် သူမ ဘက်ကတော့ လုံးဝကို မစဉ်းစားနိုင်..အခင်မင်ဆုံး အချစ်ဆုံး သူငယ်ချင်းအဖြစ်ကနေ ချစ်သူရည်းစားအဆင့်ရောက်မည်ကို တွေးမိတိုင်း ကြက်သီးထလာသည်..။

"ဒါပေမယ့်လည်းဟာ..."

"ဆက်ပြောနေရင် ကိုကြီးနဲ့တိုင်လိုက်တော့မှာနော်.."

ပိတ်ဟောက်လိုက်တော့ ပါးစပ်လေးပိတ်ကာ အခန်းထဲမှ ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားသည်..။

တကယ်တော့ ထယ်ယောင်းသည် ဟွာယောင်းအစ်ကို ဂျီမင်းနှင့် သူငယ်ချင်းတွေဖြစ်သည်။အစ်ကိုဖြစ်သူနှင့် သူငယ်ချင်းပေါင်း ပေါင်းတာကြောင့် အစ်ကို့သူငယ်ချင်းတွေအားလုံးနဲ့ခင်သည်
..သူတို့တွေထဲမှာ ထယ်ယောင်းကို အခင်ဆုံးပဲပေါ့..

အသက်တစ်နှစ်သာကွာတာကြောင့် အစ်ကိုတွေဘာတွေတပ်မခေါ်ဘဲ ထယ်ယောင်းဟုခေါ်တာကနှုတ်ကျိုးနေပြီ..ဂျီမင်းကတော့ အစ်ကိုဖြစ်သည်မို့ ကိုကြီးဟု ခေါ်ရသည်။

M A Y B E...Y O UTempat cerita menjadi hidup. Temukan sekarang