"ဒီမှာပဲထိုင်ကြမလား..."
ဆော့ဂျင်လက်ညိုးညွှန်လိုက်ရာ သစ်ပင်အောက်သို့ အကြည့်တစ်ချက်ဝေ့ပြီး ဟွာယောင်း ခေါင်းညိတ်လိုက်သည်...
"ဟုတ်..ထိုင်ကြတာပေါ့..."
ခင်းထိုင်စရာ ဘာမှမပါသောကြောင့် ဖိနပ်ချွတ်ကာ ထိုင်ချလိုက်သည်...။မြေပြင်ပေါ်မှ ချယ်ရီတို့က သူတို့နှစ်ဦးအတွက် အထူးခြား အမွှေးပျံ့ဆုံး ပန်းဖျာအဖြစ် စွမ်းဆောင်လျက်...
ဟွာယောင်းတို့ ကိုယ်တိုင်တောင် မည်သည့်အခင်းအကာမပါဘဲထိုင်ချလိုက်ပြီမို့ တစ်ချိန်လုံးကိုင်ဆောင်လာရသည့် အိတ်တို့ကို မြေပေါ်သို့ ချလိုက်သည်။နှစ်ဦးသား သက်တောင့်သက်သာ ဖြစ်သွားချိန်တွေ အလိုက်တသိ မြည်ကြွေးလာသော် ဝမ်းဗိုက်ထဲမှာ စစ်ပွဲသံတို့က ပြိုင်တူထွက်လာသည်။
"ဂွီ..."
"ဂွီ..."
"ဟွာယောင်း ဆာနေပြီထင်တယ်..စားကြတော့မလား.."
"ဆော့ဂျင်လည်း ဗိုက်ဆာနေပြီမဟုတ်လား.. စားကြတာပေါ့.."
အနည်းငယ် ရှက်စရာကောင်းသော အခြေအနေတစ်ခုကို မသိချင်ယောင်ဆောင်ကာ အိတ်ထဲမှ ရှိသမျှ ဘူး ပုလင်း အစုံကိုထုတ်နေသူက ဆော့ဂျင်..
ရူးတော့မှာပဲ...ဗိုက်ကလည်း ဟွာယောင်း ရှေ့မှာမှ..
" အအေးတွေဖောက်ပေးမယ်နော်.."
ဟွာယောင်းကလည်း သိတတ်စွာ အအေးဘူးတွေဖောက်၊ထမင်းဘူးတွေပြင်ဆင်ပြီးစားဖို့လုပ်နေလိုက်သည်..။
ထူးထူးခြားခြားမဟုတ်သော သာမန်ထမင်းဝိုင်းလေးတစ်ခုက သူ့တို့နှစ်ယောက်ရဲ့ရင်ကို နွေးထွေးစေသည်..ရိုးရိုးတန်းတန်း ထမင်းဟင်းလေးရဲ့ အရသာဟာလည်း မိမိအနည်းငယ် စိတ်ဝင်စားနေမိသူနှင့် အတူစားနေရ၍လား..ပိုပြီးအရသာရှိနေသည်ဟု ဆော့ဂျင်တွေးမိသည်..။
"ကျေးဇူးတင်ပါတယ် ဟွာယောင်း..."
"ဟာ..မဟုတ်တာ..ဟွာယောင်းနဲ့အတူလိုက်ပေးလို့ ဟွာယောင်းကပိုကျေးဇူးတင်နေတာကို.."
"ပြီးတော့ ပိုကျေးဇူးတင်ပါတယ်..ကျွန်တော်နဲ့အတူထမင်းစားပေးလို့...မဟုတ်ဘူး..၅နှစ်အတွင်း ကျွန်တော်နဲ့ ပထမဆုံး ထမင်းအတူစားပေးတဲ့သူက ဟွာယောင်းဖြစ်နေလို့.."
KAMU SEDANG MEMBACA
M A Y B E...Y O U
Fiksi Penggemar"ကိုယ် မင်းကို သဘောကျနေမိပြီထင်တယ်..." Kim Seok Jin × OC 💜🌻