" And I'm thinking 'bout how people fall in love in mysterious ways....
Maybe just the touch of a hand...
Oh me I fall in love with you every single day....
And I just wanna tell you I am.."
အကြိုက်ဆုံးသော Thinking Out Loud သီချင်းရဲ့ အပိုဒ်ငယ်လေးကို ညည်းဆိုရင်း ဟွာယောင်းရဲ့ တစ်ညတာဟာ ပြီးပြည့်စုံလွန်းခဲ့သည်...
တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ညည်း လိုက်မိသည် အပိုင်းမှာ ပါတဲ့ စာသားဟာ ဟွာယောင်းအဖြစ်ကို သရော်နေသလို...
'လူတွေ ဘယ်လို ပဟေဠိဆန်ဆန် ချစ်မိသွားသလဲဆိုတာ ကိုယ် အမြဲတွေးနေမိတယ်...
ဧကန္တ လက်ဖဝါးလေးနဲ့ ထိတွေ့မိတာကများစလေသလား...'
နူးညံ့တဲ့ အထိအတွေ့မဟုတ်ခဲ့တာတော့ နှစ်ရက်သုံးရက်ကျော်သည်အထိ စွဲမြဲနေသည့် သူ့ပါးပေါ်က ယောင်ယမ်းယမ်း ဒဏ်ရာက သက်သေပြလို့ပေါ့...
ထူးခြားတဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ငါတို့နှစ်ယောက်အတွက် အဆင်ပြေတဲ့အနာဂတ်ကို ရှေးရှုပေးနိုင်မယ်ဆိုတာ မပြောနိုင်ဘူးလေ..နော့..
လိုရာဆွဲတွေးလိုက်...သူရဲ့စကားသံလေးတွေ ကြားယောင်လိုက်နဲ့...တစ်လောကလုံးကို သတိမမူမိ...
ဟွာယောင်း မေ့လျော့နေတဲ့ လောကကြီးထဲမှာ သူ့အစ်ကိုနဲ့ သူ့အဖေရဲ့ ဒေါသကိုပါ ထည့်မပေါင်းသင့်ဆိုတာကို ဖြတ်ခနဲ သတိရသွားသည်...
"အင့်..ကိုကြီးတော့ ဆူတော့မှာပဲ..၈နာရီလည်းခွဲနေပြီ..အိမ်ထဲမဝင်ရဲတော့ဘူး ..လုပ်ကြပါဦး.."
"ဟွာယောင်း..."
မတင်းမာသော်လည်း ဒေါသရိပ်နဲ့စိုးရိမ်မှုတို့ ရောနှောနေသော လေသံ...
ဘယ်တုန်းကတည်းကအနောက်ရောက်နေမှန်းမသိတဲ့ ဂျီမင်းရဲ့ခေါ်သံနောက် အလန့်တကြား ဒူးတုပ်လျက် ထိုင်ချလိုက်သည်...။
"ကိုကြီးရယ်..ညီမလေး နောက်ထပ်မလုပ်တော့ပါဘူး..ခွင့်လွှတ်ပေးပါ..အီးဟီး "
ကိုယ့်နာမည်ခေါ်သံကြားလိုက်တာနဲ့ အော်တို တုန့်ပြန်ပြီးသားပဲ...မျက်လုံးကို စုံမှိတ်..လက်ဖဝါးကို အကြိမ်ကြိမ်ပွတ်ကာ ငိုကြီးချက်မ အော်တော့...