နောက်သုံးလအကြာတွင် Jimin အတွက်အရေးပါသောပွဲတစ်ပွဲရှိသည် . စိတ်ဝင်စားမျှော်မှန်းသူများကလည်းများပြားလှသည်
အောင်မြင်နေသော အဆိုတော် idols များကလည်း
Jimin ၏ပွဲကိုစောင့်ကြည့်နေကြသည်
ထို့ကြောင့်ပင် Jimin ပိုပြီးကြိုးစားဖြစ်သည်" ဟူး ပင်ပန်းလိုက်တာ .. အော်နောက်တောင်ကျနေပြီ
Tae စိတ်ပူနေဦးမယ် ဖုန်းလေးဆက်ဦးမှပါလေ "" Tae ငါအခုထိ စတူဒီယို မှာပဲရှိသေးတယ်နော် "
" နောက်ကျနေပြီလေကွာ မနက်နှစ်နာရီကို
စောသေးတယ်များမှတ်နေလား ?? "" Sry Tae ငါကလဲဘာအမှားမှမပါချင်လို့ပါကွာ "
" အေးပါငါသိပါတယ် ဒါပေမယ့် မင်းနဲနဲတော့နားသင့်တယ်လေ .. ငါအိပ်တော့မယ်အာ့ဆို ..
မင်းမြန်မြန်ပြီးအောင်လုပ်ပြီးပြန်ခဲ့ပါကွာ နော် "" အင်းပါကွာ စိတ်မပူနဲ့ ပြန်လာမယ် "
ဖုန်းဆက်ပြီးပြီးချင်း သီချင်းကိုပြန်ဖွင့်ကာ
ဆက်လက်ကနေလိုက်သည် ...
ချွေးစက်များတစ်ဒီးဒီးကျနေလည်း သူစိတ်အဝင်စားဆုံးအရာဖြစ်သဖြင့် ပင်ပန်းတယ်လို့တောင်မတွေးမိ ..
သီချင်းသုံးပုဒ်လောက်ကပြီးတဲ့အချိန်တွင်တော့
သူအိမ်သို့ပြန်ရန်တွေးလိုက်သည် .." အော် တော်တော်တောင်နောက်ကျနေပြီ
ထယ် စောင့်နေတော့မယ် ငါ့ကို .. "ပစ္စည်းများကိုသိမ်း လက်စသတ်စတူဒီယို ကိုပိတ်ပြီး
ထွက်လာခဲ့သည် ..,____________TBC
YOU ARE READING
Insane : Erased | Season 1 • Completed
Fanfictionဘာလို့ကိုယ့်လိုလူကိုမှ ချစ်ရတာလဲ Min-ah ကိုယ့်ဘဝကြီးတစ်ခုလုံး မင်းမရှိလို့အသက်မဲ့နေရမယ်ဆိုရင်တောင် ကိုယ်မရှိလို့မင်းဘဝကြီးမထိခိုက်ဘူးဆိုရင် မင်းဘဝကြီးထဲကနေကိုယ်ရဲရဲကြီးထွက်သွားပေးမယ် .. • Min Yoongi • ကျွန်တော့်ဘဝမှာ Hyung က အရေးအပါဆုံးလူဆိုတာကို...