" Hyung ကျွန်တော် Hyung အကြောင်းကိုအသိဆုံးHyung ဘဝမှာ ဘယ်သူ့ကိုမှသနားတယ်ဆိုတာမရှိခဲ့ဘူး ... ဘာကိုမှဂရုမစိုက်ပဲ သတ်ခဲ့တာတွေကြီးပဲ
အခုမှ ဘာလို့လဲ ? "Yoongi ဖိုင်လ် တစ်ခုကိုထုတ်ပြလိုက်သည်
" PARK JIMIN သူလဲမွေးစားခံခဲ့ရတာ
ငယ်ငယ်လေးထဲက .. ငါတို့လို "Namjoon သိလိုက်သည် .. Yoongi သည် မည်သို့ပင်သူများတွေက ခံစားချက် မရှိသော လူ ၊ လက်မတွန့်သောသူ ၊ လူစိတ်မရှိသောသူဟုပြောကြသော်လည်းမိသားစုနှင့် ပတ်သတ်လာလျှင် သူအရမ်းခံစားရသည်..စိတ်အားငယ်မှုများဖြစ်တတ်သည် .. သူထုတ်မပြတာသာရှိတာ တစ်ကယ်ကသူ့စိတ်ကို ခန့်မှန်းနိုင်သည်
Yoongi တစ်ခါတစ်ခါ မိဘများသူ၏သားသမီးများနှင့်
အတူသွားလာဆော့ကစားနေသည်ကို မြင်တိုင်း
ငေးငေးကြည့်နေသည်ကို Namjoon အမြဲသတိထားမိသည် ..သို့သော် ဘယ်တော့မှ Yoongi အားမပြောပြ ၊
မမေးဖြစ်ပေ.. လူတိုင်းတွင်အားနည်းချက်
တစ်ခုဆီတော့ရှိကြသည်မဟုတ်လား ?ထို့နောက် Yoongi ရဲ့ပုခုံးလေးကိုသာပုတ်ပြီးသူထွက်လာခဲ့သည် ..
Yoongi ဆက်လက်၍တီးတိုးပြောနေသောစကားများကိုတော့ သူမကြားလိုက်" ပြီးတော့ သူက စိတ်ဝင်စားဖို့ကောင်းတယ်လေ " ဟူ၍
Jimin သည် Yoongi သူငယ်ချင်းများနှင့် စကားပြောနေသည်မှာတစ်နာရီ နှစ်နာရီလောက်ရှိပြီဖြစ်သော်
လည်း Yoongi ကိုဘယ်မှာမှရှာမတွေ့' သူ နောက်ထပ် မစ်ရှင်တွေရှိလို့နေမှာပေါ့ '
သူတွေးမိလိုက်သည်Jungkook တို့သည်တော်တော်ခင်ဖို့ကောင်းသည်ဟု သူမြင်သည်
အကယ်၍သာ သူသည် Yoongi နှင့် အရင်မတွေ့ဖြစ်ခဲ့လျှင် သူတို့အမှန်တစ်ကယ် လူသတ်သည်ဟူသောစကားကို ကိုယ်တိုင် ကြားရလျှင်တောင် ယုံကြည်နိုင်မည်မဟုတ်ပေ ....
YOU ARE READING
Insane : Erased | Season 1 • Completed
Fanfictionဘာလို့ကိုယ့်လိုလူကိုမှ ချစ်ရတာလဲ Min-ah ကိုယ့်ဘဝကြီးတစ်ခုလုံး မင်းမရှိလို့အသက်မဲ့နေရမယ်ဆိုရင်တောင် ကိုယ်မရှိလို့မင်းဘဝကြီးမထိခိုက်ဘူးဆိုရင် မင်းဘဝကြီးထဲကနေကိုယ်ရဲရဲကြီးထွက်သွားပေးမယ် .. • Min Yoongi • ကျွန်တော့်ဘဝမှာ Hyung က အရေးအပါဆုံးလူဆိုတာကို...