🌤 Next Morning 🌤
မနက်ခင်းအလင်းရောင်များ အခန်းထဲသို့ကျရောက်လာကာ Yoongi မျက်နှာသို့ဝင်တိုးသဖြင့်
သူနိုးလာသည်..Yoongi နိုးနိုးချင်းမြင်ရသည်မှာ , Jimin ၏ သူ့လောက်မဖြူသော်လည်း အတော်အသင့်ဖြူဖွေးနေသည့် ရင်အုပ် ...
Jimin လက်ပေါ်တွင်သူတစ်ညလုံးအိပ်ပျော်နေခဲ့
သည်ကိုး ... တစ်ညလုံးအားရပါးရငိုထားသဖြင့်
မို့နေခဲ့သော သူ့မျက်လုံး ...
Jimin နှိုးသွားမှာဆိုး၍သူဘေးမှဖြေးဖြေးချင်းထလိုက်ကာထရန်ပြင်လိုက်သော်လည်းကလေးလေးတစ်ယောက်ကဲ့သို့ဖြူဖြူစင်စင်အိပ်ပျော်နေသော Jimin ကိုမြင်လိုက်သောအခါ သူ့ရင်တွေခုန်လာသည် .." အော် .. အချစ်ဆိုတာ ဒါမျိုးဖြစ်မှာ "
" ချောလိုက်တာကလေးရယ် .. အပြစ်ကင်းစင်တဲ့ကလေးလေးက ကိုယ့်ဘဝကိုအသက်ဆက်ပေးလိုက်တာပဲ" ဟုပြောကာ သူ့နှုတ်ခမ်းက Jimin နှုတ်ခမ်းပေါ်အရောက် ...
" Yoongi ? နိုးနေပြီလား ဟင် ဘာလုပ်နေ-အွတ်"
" ချစ်လို့ ထိုင်ကြည့်နေမိတာ .. မင်းလေးရဲ့ရှေ့မှာ
ကိုယ်ငုတ်တုတ်မေ့နေမိတာ "" အမယ် သူသိပ်ပြောတတ်နေတယ် .. အမလေးး
အရပ်ကတို့ရေ .. ဒီက ကို Min Yoongi ကြီးဒီလိုပြောတတ်မယ်လို့ဘယ်သူကထင်ကြမှာလဲလို့နော် "" ပြွတ်စ် အ - "
" တော်ပြီမအော်နဲ့တော့ ကိုယ့်ရင်ဘတ်ပေါ်မှာခဏလာနေဦး "
" ဟာာ Yoongi ကွာ ထတော့မှာကို "
" မထပါနဲ့ဦး ခဏအိပ်ပါကွာနော် "
" မအိပ်လို့ရောရသေးလို့လားခင်ဗျားကြီးရယ်
သူပဲလူကိုဆွဲနမ်းပြီးဆွဲချသွားပြီးပြီကို "" ဟက် ချစ်တယ် ကိုယ့်ကလေးလေး "
" ချစ်တာပေါ့ Yoongi ရဲ့ "
VOUS LISEZ
Insane : Erased | Season 1 • Completed
Fanfictionဘာလို့ကိုယ့်လိုလူကိုမှ ချစ်ရတာလဲ Min-ah ကိုယ့်ဘဝကြီးတစ်ခုလုံး မင်းမရှိလို့အသက်မဲ့နေရမယ်ဆိုရင်တောင် ကိုယ်မရှိလို့မင်းဘဝကြီးမထိခိုက်ဘူးဆိုရင် မင်းဘဝကြီးထဲကနေကိုယ်ရဲရဲကြီးထွက်သွားပေးမယ် .. • Min Yoongi • ကျွန်တော့်ဘဝမှာ Hyung က အရေးအပါဆုံးလူဆိုတာကို...