" ဘာ ? "
" သတ်ပေးလို့အခု အာ့ဆို "
" ကျွန်တော် ခင်ဗျားရဲ့ ခနဲ့သလိုလို လုပ်တဲ့ပုံစံတွေကိုမကြိုက်ဘူး "
" အော် မင်းမကြိုက်တော့ငါကဘာလုပ်ပေးရမှာလဲ "
" အင်း . မကြိုက်လို့ ခင်ဗျားနဲ့ မနေချင်တော့လို့ သေချင်နေပြီလို့ "
" သတ်လေ အခုသတ် "
" မင်းး ... "
Yoongi ဒေါသနည်းနည်းထွက်သွားသော်လည်း သူ့စိတ်ကိုသူထိန်းလိုက်သည် ..
Yoongi's Pov
ဒီကလေးငါ့ကို စိတ်တိုနေပြီလား
ငါသူ့ကိုပြောတာတွေလွန်သွားပြီလား?
အာ ဘာဖြစ်လဲ . Min Yoongi မင်းကဘယ်တုန်းကသူများစိတ်ကိုဂရုစိုက်သွားတတ်တာလဲ
သေချင်တယ်ဆိုလည်း သတ်ပေးရုံပေါ့ ဟက်" ခင်ဗျား လုပ်စရာရှိတာလုပ်လေ ဘာလုပ်နေတာလဲ "
Yoongi သေနတ်အား Jimin ၏ခေါင်းသို့တေ့ထားလိုက်သည် ..
Jimin pov
နောက်ဆုံးတော့ပြီးပြီ တစ်ကယ် .. ဒီလူကြီးဆီမှာ နေစရာမလိုတော့ဘူး
သူ့ရဲ့ပုံစံတွေ အချိုးတွေအားလုံးကိုမခန့်မှန်းနိုင်ဘူး
စိတ်ကိုလည်း လုံးဝနားမလည်ဘူး
မုန်းတယ် .. စိတ်ရှုပ်တယ်
ကိုယ့်ကိုယ်ကိုလည်း သူ့ကိုမြင်ရင် တွေဝေမိသွားတာတွေလည်းမကြိုက်ဘူး .. ငါဘာဖြစ်နေမှန်းတောင်ငါမသိမှတော့ သေတာပဲအေးတယ်Yoongi ရုတ်တရက် သေနတ်ကို ပြန်ချလိုက်ပြီး
" မ-မင်းက ထောင်ချောက်တွေကိုသိတယ်ဆို ?
ငါကဘယ်လိုသတ်လို့ရဦးမှာလဲ
သိပ်လည်နေတယ်ပေါ့ ဟက်လား "" အော် အဲ့တာလား .. ကျွန်တော်မသိဘူး "
" ဘာပြောတယ် "
" Trap တွေလေ .. ကျွန်တော်မသိဘူးလို့
အဲ့တုန်းက မသေချင်လို့ ညာတာ "" အခုတော့ မထူးတော့ဘူးဆိုတော့ . . ရပြီ အမှန်တိုင်း
ပြောမယ်.. ကျွန်တော် ဘာဆိုဘာမှမသိဘူး သတ်ချင်သတ်လို့ရတယ် "
BINABASA MO ANG
Insane : Erased | Season 1 • Completed
Fanfictionဘာလို့ကိုယ့်လိုလူကိုမှ ချစ်ရတာလဲ Min-ah ကိုယ့်ဘဝကြီးတစ်ခုလုံး မင်းမရှိလို့အသက်မဲ့နေရမယ်ဆိုရင်တောင် ကိုယ်မရှိလို့မင်းဘဝကြီးမထိခိုက်ဘူးဆိုရင် မင်းဘဝကြီးထဲကနေကိုယ်ရဲရဲကြီးထွက်သွားပေးမယ် .. • Min Yoongi • ကျွန်တော့်ဘဝမှာ Hyung က အရေးအပါဆုံးလူဆိုတာကို...