Part 1
သူငယ်ချင်းတွေနဲ့  စားသောက်ဆိုင်မှာ ထိုင်နေရင်း ဝင်လာတဲ့ ခပ်ချောချော အစ်ကိုနှစ်ယောက်ကြောင့် ကျွန်တော် ငေးနေစဉ်
" မင်း အစ်ကို Arthit ကို ငေးနေတာလား "
" အဲ့ဒီအစ်ကိုနာမည်က Arthit လား "
" ဟုတ်တယ် အဲ့ဒီအစ်ကို့ ကို ယောက်ကျားတွေက ပိုကြိုက်ကျတယ် အဲ့ဒီအစ်ကိုက ဘယ်သူမှ မရှောင်ဘူးနော် ရည်းစားများတယ် အခု အဲ့ဒီအစ်ကိုဘေးနားက တစ်ယောက်ကို ဒီနေ့တွဲမယ် ပြီးရင် နောက်တစ်ယောက် ဆက်တွဲမယ် "
" ဟုတ်လား "
" ဘာလဲ kong မင်းစိတ်ဝင်စားနေပြီလား "
" ငါစိတ်ဝင်စားတာ မဟုတ်ဘူး ငါစိတ်မဝင်စားပါဘူး "
" အေး စိတ်မဝင်စားတာ ကောင်းတယ် စိတ်ဝင်စားရင် မင်းလှည့်စားခံရလိမ့်မယ် အဲ့ဒီအစ်ကိုက အချစ်ကို တန်ဖိုးမထားလှည့်စားနေတဲ့သူပဲ "
" အင်း "
P ' Arthit တဲ့လား ဘာလို့ ကျွန်တော်သူငယ်ချင်းပြောသလို့ လူတွေကို လှည့်စားတဲ့သူလို့ မမြင်ပဲ P ရဲ့ ဖြူစင်တဲ့ မျက်နှာပဲ မြင်မိပါ့လိမ့်
@@@@@@
ကျွန်တော် အပြင်ထွက်လာတုန်း ရှေ့ မှာ ကျွန်တော်ကားကို လှမ်းတားတဲ့ လူတစ်ယောက် ကျွန်တော်လည်း ကားကိုရပ်ပြီး မှန်ကို ချလိုက်သည်
" ကောင်လေး ငါကားပျက်လို့ ငါလူကြုံလိုက်လို့ရမလား "
" P ကားကို ကျွန်တော် ကြည့်ပေးမယ်လေ "
" ကောင်လေးက ကားပြင်တက်လို့လား "
" ပြင်တော့မပြင်တက်ဘူး ဒါပေမဲ့ ကျွန်တော် ကြည့်ပေးမယ်လေ P "
ကျွန်တော်လည်း ဆင်းပြီး P ကားကို ကြည့်နေတုန်း မိုးတွေရွာချလာသည် အဲ့ဒါနဲ့ P ကို မြန်မြန်ကားပေါ် တက်ခိုင်းလိုက်သည်
" P ကျွန်တော်ဘယ်ပို့ ပေးရမလဲ "
" ငါအိမ်ကို ပို့ပေး ငါအိမ်က လမ်းမတော် လေး "
" ကျွန်တော် လိုက်ပို့မယ် P "
" P ရေမွှေး အနံက သင်းနေတာပဲ P က ရေမွှေးကြိုက်တာလား "
" အင်း ရေမွှေးက ငါ crazy တန်ဖိုးရှီတယ် ရေမွှေးတိုင်းကို ငါကြိုက်တယ် ဝယ်တယ် စုဆောင်းတယ် "
" ကျွန်တော် P ကားကို ဝတ်ရှော့ ဖုန်းဆက်ပေးထားတယ် "
" ကျေးဇူးတင်တယ် ကောင်လေး "
" ကောင်လေး လို့ခေါ်တာ တမျိုးပဲ"
" ဘာလဲ သဘောမကျဘူးလား "
" တစ်ယောက်မှ မခေါ်ဘူးလို့  သဘောကျပါတယ် "
" ရှေ့ ကအိမ်နံပတ် ၂၆ ကို အဲ့ခြံထဲ ဝင်လိုက်ပါ "
အိမ်က အကြီးကြီး ခြံကလည်းတော်တော်ကျယ်တာမို့ လို့ P က အရမ်းချမ်းသာမှန်း သိသာသည်
" ဆင်းလေ ကောင်လေး "
" ဟုတ်ကဲ့ P "
အိမ်ထဲဝင်လိုက်တာနဲ့
" အငယ် မိုးရေတွေ စိုနေပါ့လား "
" ကျွန်တော်ကားပျက်သွားပြီ P အဲ့ဒါကြောင့် ဒီကောင်လေးကို လိုက်ပို့ခိုင်းတာ "
" ညီ ထိုင်လေ အငယ် အင်္ကျီသွားလဲလိုက် "
" ဟုတ်ကဲ့ "
" ကျေးဇူးတင်ပါတယ် ညီ အပြင်သွားတိုင်း အမြဲစိုးရိမ်နေရတယ် အခု ညီက အငယ်ပေါ် တော်တော် ကောင်းတဲ့ သူပဲ "
" ဗျာ "
"အငယ်က အိမ်ကို တစိမ်းဧည့်သည်ခေါ်မလာဖူးလို့ပါ ပထမဆုံးခေါ်လာတဲ့ ညီက အငယ်ပေါ်တော်တော် ကောင်းလို့ ခေါ်လာတာနေမှာ "
ရည်းစားများတဲ့ P က အိမ်ကို ဘယ်သူမှ ခေါ်မလာဖူးဘူးတဲ့လား
အိမ်ဖော်ကောင်လေး လာချတဲ့ ကော်ဖီ ကို ကျွန်တော်ကို တိုက်လို့ သောက်ခဲ့ရသလို့ P အကြောင်းလည်း သိခဲ့ရတယ် P မိဘတွေက ဆုံးသွားပြီလို့ သိရတယ် ညီအစ်ကို နှစ်ယောက်ပဲရှီပြီးလမိဘတွေ ထားခဲ့တဲ့ အမွေတွေနဲ့ ဆေးရုံဖွင့်ပြီး P'Arthit အစ်ကိုက ဆေးရုံအုပ်ကြီးဖြစ်ပြီး P ကိုတော့ ဘာအလုပ်မှ မခိုင်းပေ
