Part 4

465 53 0
                                    

Part  4

" အဲ့ဒါကြောင့် ငါပြောသားပဲ  မင်း အဲ့ဒီအစ်ကိုနဲ့ သွားမပတ်သတ်ပါနဲ့လို့ အဲ့ဒီအစ်ကိုက မင်းကို အရုပ်ကလေး တစ်ရုပ်လို့ ကစားနေတာ "

P နဲ့  မတွေ့ ရတာ တစ်ပတ်ရှီနေလို့  စိတ်ညစ်လို့  Aim နဲ့ Oakဆီထွက်လာမှ အပြစ်တင်စကားတွေ ပြောခံနေရသည် သူတို့ပြောလည်း ပြောလောက်ပါသည်  P က ခံစားချက်ကင်းမဲ့တဲ့ လူသားလာမသိဘူး အခုတလော   ဟိုနားမှာ ဟိုတစ်ယောက်နဲ့ တွေ ဒီနားမှာ တစ်ယောက်နဲ့  တွေ့တယ်လို့ Oak ကပြောသည်

" Kong ငါတို့ပြောတာ ကြားရဲ့လား သွားမပတ်သတ်နဲ့လို့ "
" P က စိတ်ထားကောင်းပါတယ် "

" လူတွေကိုလှည့်စားတာ သူကို ချစ်လို့သူနားကပ်တဲ့သူတွေကို ပေါ့ပျက်ပျက် ထားခဲ့တာ အဲ့ဒါတွေက ကောင်းတဲ့လုပ်ရက်လား "

"  ဟုတ်တယ် kong ပြီးတော့ ငါအစ်ကို ဝမ်းကွဲဆို P'Arthitကို အရမ်းချစ်တာ အရာရာအဲ့ P အလိုကျလုပ်ပေးတာတောင်မှ ငြီးငွေ့လို့ဆိုပြီး အဆက်အသွယ် ဘလိုင်းကြီး ဖြတ်တယ်လေ အခုအဲ့အစ်ကိုဆို အရက်သမား ကြီးလုံးလုံးဖြစ်နေပြီ  "

"  P က ပွင့်လင်းပါတယ် "

"kong မင်းတော့ဆေးမိနေပြီထင်တယ် "

" ဘာလို့ဆေးမိရမှာလဲ  "

" Oak ပြောတာမှန်တယ် မင်းဆေးမိနေပြီ ဒီလောက်မကောင်းပါဘူးလို့ ပြောနေတာတောင်မှ မင်းနားမဝင်ဘူးလေ "

"ဟုတ်တယ် အဲ့ဒီ P'Arthit လှည့်စားတက်မှန်းသိရဲ့သားနဲ့ လူတွေလည်း ဘာလို့သွားသွားပတ်သတ်မှန်း မသိဘူး "

" မင်းတို့ နှစ်ယောက် P မကောင်းကြောင်းမပြောနဲ့ ငါမကြားချင်ဘူး  လှည့်စားပါစေ ကုန်ကုန်ပြောမယ် ငါ P နားမှာနေချင်တယ် P ကိုချစ်မိနေပြီ အဲ့ဒါကြောင့်  P မကောင်းကြောင်း ငါရှေ့ မပြောကျနဲ့ စိတ်ညစ်လို့ လာမှ အာရုံလာနောက်နေတယ် "

ကျွန်တော်စိတ်တိုတိုနဲ့ ထွက်လာသည် ထုံးစမ်းအတိုင်း ပန်းခြံနားမှာ P ကားပျက်နေတာ တွေ့သည်

"  P. !!! "

" ကောင်လေး ငါကားပျက်တိုင်း မင်းနဲ့တွေ့နေပါ့လား "

" P ကားက အမြဲလိုလို ပျက်နေတာကိုး ဘာလို့ ကားမလဲတာလဲ  P တို့ ဒီလောက်ချမ်းသာတာကိုး "

"  ငါ အမေထားခဲ့တဲ့ ကားမို့လို့ပါ  အဲ့ဒါကြောင့် ပျက်လည်း ပြင်စီးတာပါ   "

ညိုးငယ်သွားတဲ့ P မျက်နှာကြောင့် ကျွန်တော်အားနာမိသည်   ထုံးစမ်းအတိုင်း မိုးပေါက်ကလည်း ကျလာသည်

" P ကျွန်တော်ကားထဲ ဝင်နေပါ့လား မိုးစိုလိမ့်မယ် "

" မင်းကို တစ်ယောက်တည်း မိုးရေမစိုခိုင်းချင်ပါဘူး  "

" P ကားထဲဝင်နေပါ P ကားက ကြိုးလေးတပ်ရုံပဲ "

ကျွန်တော် P ကားကို မြန်မြန်ပြင်ပေးပြီ P နဲ့အတူ ကာပေါ်တက်ထိုင်လိုက်သည်

"ဒီတစ်ခါတော့ ကျွန်တော်ကားထားခဲ့မယ် P ကို အိမ်လိုက်ပို့မယ် "

P ကားပေါ်က ရေမွှေးပုလင်းကို ကျွန်တော်ကို ပေးပြီး

" ဆင်းတော့ ကောင်လေး ငါဘာသာမောင်းသွားလိုက်မယ် ကားပြင်ပေးတဲ့အတွက် ကျေးဇူး "

" ကျွန်တော်လိုက်ပို့မယ် "

" မလိုဘူး ဆင်းတော့  "

" ကျွန်တော်လိုက်ပို့မယ်လို့  ပြောနေတယ် P ကို စိတ်မချလို့ ကျွန်တော်လိုက်ပို့မယ်  အသာအငြိမ်နေပြီး လိုက်လာခဲ့ "

" ကောင်လေး ငါကိုကြိုက်နေတာလား "

" P ကို ကျွန်တော်မကြိုက်ဘူး "

" အဲ့ဒါဆို ဘာလို့  ..."

" P ကို ကျွန်တော်ချစ်တာ P တွဲခဲ့ဖူးတဲ့ တခြားသူတွေလို့ မဟုတ်ဘူး ဖြူဖြူစင်စင် နဲ့ စွဲစွဲမြဲမြဲကိုချစ်မိသွားတာပါ "

" ငါအကြောင်းမသိဘူးလား ကောင်လေး  "

" သိတယ် သိပေမဲ့လည်း ကျွန်တော် မျက်ကန်းတစ်ယောက်လို့ ချစ်မိနေပြီ  "

" ကျွန်တော် P အပေါ်ကောင်းပါမယ် ကြိုက်သလောက် ကျွန်တော်အပေါ်ဆိုးပါ တခြားကောင်တွေကို အဆက်ဖြတ်ပါ  "

" ဘဝင်လေဟပ်နေတာလား ကောင်လေး မင်းမှာ ငါကို တားစီးပိုင်ခွင့်အမိန့်ပေးခွင့်မရှီဘူး ဆင်းတော့ ကောင်လေး "

" P "

" ဆင်းတော့လို့ ပြောနေတယ် "

ကျွန်တော်ကားပေါ်က အတင်းဆင်းခိုင်းပြီး မောင်းထွက်လာခဲ့သည်  Kong ကျွန်တော်နောက်က လိုက်လာတာ သိတယ်  ကျွန်တော်အိမ်ထဲ ဝင်တဲ့ထိ kong ကားခြံအပြင်မှာရှီနေတာလည်း ကျွန်တော်သိပေမဲ့ ကောင်လေးကို ကျွန်တော် မတွဲနိုင်ဘူး



 ကောင်လေးWhere stories live. Discover now