ဇတ်သိမ်းပိုင်း

807 58 6
                                    

Part  7

ဒိုင်ယာရီရဲ့ ခေါင်းစဉ်နာမည်က ကောင်လေး တဲ့

ကောင်လေးနဲ့ ပထမအကြိမ် တွေ့ဆုံ ချိန်

♥♥♥ကောင်လေး ငါကားပျက်နေတဲ့အချိန်မှာ မင်းကားကို လှမ်းတားခဲ့တုန်းက  အဲ့ဒီကတည်းက ကောင်လေး အပေါ်မှာ ငါခံစားချက်ရှီနေပြီ  အဲ့ဒါကြောင့် အိမ်ကိုခေါ်လာပြီး P နဲ့ မိတ်ဆတ်ပေးခဲ့တယ် ♥♥♥

ကောင်လေးနဲ့ ဒုတိယအကြိမ် တွေ့ဆုံ ချိန်

♥♥♥ ငါနောက်ကို တကောက်ကောက်လိုက်နေတဲ့ ကောင်လေးကြောင့် ငါတွဲနေတဲ့သူတောင်ထားခဲ့ပြီး ကောင်လေး မင်းစိတ်ကို စမ်းခဲ့တယ် မင်းငါကို တကယ်ချစ်တာလားလို့ပေါ့ အဲ့ဒီနေ့ Market. အသွား ကောင်လေးကို နမ်းခဲ့တယ် ကောင်လေး မင်းသိလား ငါရည်းစားအများကြီးထားခဲ့ပေမဲ့ ငါရဲ့ ပထမဆုံးအနမ်းက ကောင်လေးနဲ့ မှ တွေ့ထိခဲ့တာပါ  ♥♥♥♥

Pရယ် ကျွန်တော်ကို ပေါ့ပျက်ပျက် နမ်းခဲ့တာ မဟုတ်ဘူးပဲ

♥♥♥ ရေမွှေးဆိုတာ စနစ်တကျ နဲ့သုံးရင် ကြာရှည့်ခံသလို ရေမွှေးပုလင်းကို ဖွင့်ထားရင်တော့ အနံတွေပျယ်ပျောက်ပြီး ခမ်းသွားတက်တယ် အဲ့ဒါကြောင့် ငါမြတ်နိုးတဲ့ ကောင်လေးကို  ရေမွှေး လက်ဆောင်ပေးခဲ့တယ် "
ကောင်လေးနဲ့ တတိယအကြိမ် တွေ့ဆုံ ချိန်

♥♥♥ ကောင်လေး အဲ့ဒီနေ့က မင်းကို ငါထားခဲ့ပြီး Neck နဲ့လိုက်သွားခဲ့တယ် ဘာကြောင့်လဲ ဆိုတော့ ကောင်လေး မင်းနဲ့ ငါနဲ့ သံယောဇဉ် မတွယ်သင့်တော့တာကြောင့်ပဲ ဒါပေမဲ့ ကောင်လေးရယ် ငါမင်းကို အချိန်တိုင်း တွေ့ချင် မြင်ချင်လိုက်တာ အရမ်းလွမ်းတယ် ကောင်လေးရယ် မင်းကိုလွမ်းလွန်းလို့ ညအိပ်မပျော်တဲ့ ရက်တွေများလာတယ် ♥♥♥

ကောင်လေးနဲ့  စတုတ္ထ အကြိမ် တွေ့ဆုံ ချိန်

♥♥♥ ကောင်လေး မင်းက ငါကားကို အမြဲပျက်နေတယ်လို့ ပြောတယ်နော်ကားက အကောင်းပါ ကောင်လေး အဲ့ဒီလမ်းမှာ ကြိုးကို ဖြုတ်ပြီး မင်းကိုနေ့တိုင်းစောင့်နေတာ မင်းမှမသိတာ မင်းကိုတွေ့ရလို့ ငါအရမ်းပျော်ပေမဲ့ မင်းကို ငါနှင်ထုတ်မိတယ် ဘာကြောင့် နှင်ထုတ်တာလဲကောင်လေး မင်းသိလား ငါမင်းကို အရမ်းချစ်လို့ပေါ့ ငါကမကြာခင် လူလောကမှာ ပျောက်ကွယ်သွားတော့မဲ့သူလေ  ဟုတ်တယ် ကောင်လေး ငါမှာ ဦးဏှောက်အကျတ်တည်နေတယ် တကယ်တော့ ငါက သေမိန့်ကျပြီးသာ လူပါ အဲ့ဒါကြောင့် ဘဝကို ငါနေချင်သလိုနေတယ် ရောဂါကိုယမေ့ပြီး ပေါ့ပျက်ပျက် နေခဲ့တယ် ဒါပေမဲ့ မိုးရေထဲကနေမပြန်တဲ့ ကောင်လေးကို ငါအရမ်းသနားတယ် အဲ့ဒါကြောင့် ငါမင်းကို ချစ်တယ်လို့ ပြောပြီး ပြန်ခိုင်းလိုက်တယ်

ကောင်လေးနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံ ချိန်

♥♥♥♥ အဲ့ဒီနေ့က ငါအရမ်းခံစားရတယ်ကောင်လေး ငါကောင်လေးအပေါ်မရက်စက်ချင်ပဲ ရက်စက်ခဲ့တယ် ကောင်လေး မင်းငါကို လာမတွေ့တော့ဘူးတဲ့ လာမတွေ့ပါနဲ့ ကောင်လေးငါရဲ့ နောက်ဆုံးအချိန်ကို ကောင်လေးကို မမြင်စေချင်ဘူး ♥♥♥♥

♥♥♥ ကောင်လေး မင်းငါကိုချစ်တာ ငါသိတယ် အဲ့ဒါကြောင့် မင်းထပ်လာမယ်ဆိုတာ ငါသိတယ် အဲ့ဒါကြောင့် ဒီဒိုင်ယာရီစာအုပ်ကို မင်းလက်ထဲ ငါထည့်ခိုင်းထားတယ် မင်းဒီစာဖတ်ချိန် ငါမရှီတော့ပေမဲ့ ငါက ကောင်လေးကို အရမ်းချစ်တယ်  ဟုတ်တယ် ကောင်လေး ငါကောင်လေးကို အရမ်းချစ်တယ်  ♥♥♥♥

ဒိုင်ယာရီ စာအုပ်ဖတ်ပြီး အော်ဟစ်ငိုကြွေးလိုက်သည်

" အားးး "

"kong  !!! "

P kade အထဲဝင်လာပြီး

" အားရပါးရ ငိုလိုက်ပါ အငယ်လေး ဆုံးတာ ဒီနေ့နဲ့ဆို သုံးရက်ရှီပြီ  ကောင်လေး မင်းကို ငါညီက တကယ်ချစ်ခဲ့တာပါ  "

" မဟုတ်ဘူး မယုံဘူး ဟားဟား ဟီးဟီးဟီး P မသေဘူး မသေဘူး  မသေရဘူး "

" Kong မင်းစိတ်ထိန်းပါ စိတ်ထိန်းပါ  "

ကျွန်တော်ဘာကိုမှ မမြင်နိုင်တော့ပဲ လောကနဲ့ အဆက်အသွယ် ပျက်သွားသည်

ခြောက်လကြာသော်

စိတ်ရောဂါ ဆေးရုံမှာ လူငယ်လေးတစ်ယောက် တွေ့ကရလူကို P ကို ရှာပေးပါလို့ ပြောနေတဲ့ ကောင်လေးတစ်ယောက်ရှီတယ်

ပြီးပါပြီ

You've reached the end of published parts.

⏰ Last updated: Aug 30, 2018 ⏰

Add this story to your Library to get notified about new parts!

 ကောင်လေးWhere stories live. Discover now