Part 2
ကျွန်တော် သင်တန်းကို မသွားဖြစ်ပဲ P' Arthit သွားရာနောက် နောက်ကနေ လိုက်ချောင်းမိသည် ပထမ P သွားတဲ့နေရာက Pရည်းစားကောင်လေးနဲ့ ရုပ်ရှင်ရုံ ရုပ်ရှင်ကအပြန်P ရည်းစားချစ်သူ ကိုဘတနေ့ရာမှာ ထားခဲ့ပြီး Markat က ဂိမ်းဆိုင်မှာ ဂိမ်းကစားနေသည် ပြီးတော့ Water Land မှာ ရေကစားသည် ရေကစားရာက အပြန် တစ်နေရာမှာ ကားကိုရပ်ပြီး နေလေသည် P ကားပျက်သွားပြီလား မသိဘူး ကျွန်တော်လည်းကားကို ရပ်ပြီး ကားပေါ်ကဆင်းပြီး P ကားဆီသွားလိုက်သည်
" P ဘာဖြစ်လို့ လဲ "
" ငါကားမမောင်းချင်လို့ ကောင်လေး မောင်းပေးပါ့လား"
" ဗျာ!! "
" ဘာဖြစ်လို့ လဲ ကောင်လေး မင်းအားလို့ ငါနောက်တနေ့ကုန်လိုက်နေတာ မဟုတ်လား ကားမမောင်းပေးချင်ဘူးလား "
" ဗျာ ! "
" ကောင်လေး ငါစိတ်မရှည်တော့ဘူးနော် "
" ဟုတ်ကဲ့ P "
ကျွန်တော်ကားကို သော့ခပ်မလို ကားဆီအသွား P က နောက်က လိုက်လာပြီး ကျွန်တော်ကားပေါ် တက်ထိုင်သည်
မင်းကားကို နှမြောမှာဆိုးလို့ ငါကားကိုပဲထားခဲ့တော့မယ်
" ဟုတ်ကဲ့ P "
ကျွန်တော်ကားမောင်းထွက်လာတော့ P ဆီကရေမွှေးနံက ဟို့တနေ့က အနံမျိုးမဟုတ်တော့ပဲ အနောက်တိုင်း နှင်းဆီရနံ
" P က ရေမွှေးတွေကို စွဲမဆွတ်ဖူးနော် "
" အင်း ကောင်လေး ငါအခု ကုန်တိုက် သွားမယ် ဈေးဝယ်ချင်လို့ ရောက်ရင်နှိုးပေးနော် "
" ဟုတ်ကဲ့ P "
ကျွန်တော် ကုန်တိုက်ရောက်တာနဲ့  P ကို ကြည့်တော့ မျက်စီမှိတ်ပြီး အိပ်ပျော်သွားတာလား အိပ်နေတဲ့ P ကို အနီးကပ် ကြည့်လိုက်တော့ အရမ်းအပြစ်ကင်းစင်တဲ့ မျက်နှာလေးပဲ
" ဘာလို့ စူးစိုက်ကြည့်နေတာလဲ နမ်းချင်နမ်းပစ်လိုက်ပါ့လား "
" ဗျာ "
မျက်စီမှိတ်ထားတဲ့ P ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် အံသြနေတုန်း ကျွန်တော်နှုတ်ခမ်းကို ဖွဖွလေးလာနမ်းတဲ့ P ကျွန်တော်က ရင်အရမ်းခုန်လာပေမဲ့ P က ကားပေါ်က ဆင်းသွားသည် ဒီအနမ်းက P ဘက်က ပေါ့ပျက်စွာ နမ်းလိုက်ပေမဲ့ ကျွန်တော်အတွက် ပထမဆုံးမို့ ရင်တွေအရမ်းခုန်သည် စောင့်နေတဲ့ P ကို အားနာလို့သာ ကားပေါ်က လိုက်ဆင်းပေမဲ့ ရင်အခုန်မြန်နေတုန်း ကုန်တိုက် ရောက်တော့ P စိတ်တိုင်းကျ အင်္ကျင်္ီ တွေဝယ် သည် ကျွန်တော် P ဝယ် သမျှ အထုတ်တွေကို လိုက်ဆွဲမိသည် တစ်ဆိုင်ဝင်တဆိုင်ထွက် P ဝယ်တဲ့ ပစ္စည်းများက အများကြီးပဲ P က ပိုက်ဆံကို ရေလိုဖြုန်းနေတာပဲ တကယ်လိုအပ်လို့ ဝယ်တာရော့ ဟုတ်ရဲ့လား ကားနောက်ခန်းတစ်ခုလုံး P ပစ္စည်းတွေနဲ့ အပြည့်
" ဘယ်သွားအုန်းမလဲ P "
"ဟို့ရှေ့မှာ ရေမွှေးနန်းတော် ဆိုတဲ့အတိုင်း ရေမွှေးအစုံရှီတယ် အဲ့ဒီကိုသွားမယ်"
" ဟုတ်ကဲ့ P "
ရေမွှေးဆိုင်ရောက်တော့ အသစ်ထွက်တဲ့ ရေမွှေးမှန်သမျှ အကုန်ဝယ်လာသည် ပြီးတော့ ဗိုက်ဆာတယ်ဆိုပြီး စားသောက်ဆိုင် ဝင်ပြီး မှာထားတဲ့ ဟင်းတွေကလည်း အများကြီးပဲ
"စား ကောင်လေး ဗိုက်ဆာနေပြီ မဟုတ်လား "
" ဟုတ်ကဲ့ P "
ကျွန်တော်က ဗိုက်ဆာဆာနဲ့ စားနေပေမဲ့ P ကအရမ်းအစားနည်းသည် ဒီလောက်အစားနည်းတာကို မှာထားတဲ့ ဟင်က အများအပြား စားသောက်ပြီးတော့ P ကားကို ပြန်မယူတော့ပဲ ကျွန်တော်ကို အိမ်လိုက်ပို့ခိုင်းသည် အိမ်ရောက်တော့ P ပစ္စည်းတွေကို အိမ်ဖော်တွေနဲ့အတူ ကျွန်တော် P အခန်းထဲထိ လိုက်ထားလိုက်သည် P အခန်းထဲရောက်တော့ အစောန ရေမွှေးနန်းတော် ဆိုင်ထက် များပြားတဲ့ ရေမွှေးတွေ တွေ့ရသည် P ရေမွှေးထားတဲ့ စင်က ရေမွှေးကိုယူပြီး
" ကောင်လေးရော့ ရေမွှေး နှစ်ပုလင်း အသစ်မဟုတ်ဘူး ငါဆွတ်ပြီးသား အသစ်မပေးဘူး ငါဆွတ်ပြီးသားပဲပေးမယ် "
" ဘာလို့ နှစ်ဗူး ပေးတာလဲ "
" မင်းနဲ့ငါတွေ့တာ ၂ခါရှီပြီလေ အဲ့ဒါကြောင့် နှစ်ပုလင်း ပေးတာ "
" ဗျာ ! အဲ့ဒါဆို ဆယ်ခါတွေ့ရင် ဆယ်ဗူးပေးမှာလား "
" အင်း "
" ဗျာ ! "
P ဘာကြောင့်ရည်စားများတာလဲ မထူးဆန်းတော့ဘူး P ရဲ့လုပ်ရက်တွေက စွဲညို့ဖွယ်ကောင်းသည် အထူးအဆန်း တွေပါ့လား P ရယ်