[Unicode]' အဲ့ ကလေးကို မင်းတာဝန် မယူရင် ငါတာဝန်ယူရမှာကွ Jiminnie...မင်းအရမ်း ဆိုးတယ်ကွာ '
8နှစ်အကြာမှာ သူ ပထမဆုံး စပြောတဲ့ စကားက တခြားသူ ကို လက်ထပ်ဖို့တဲ့လား။
သူနဲ့ ကျွန်တော်ရဲ့ ရေစက်မှာ အချစ်တော့ပါတယ်။ ဖူးစာ တော့ ပါမလားဘူးထင်ပါရဲ့။
' ဟက်ခ်! '
ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံး စူးစူးရဲရဲတွေကို မခံနိုင်တော့တာနဲ့ အကြည့်လွှဲမိတော့ Couple photo ရိုက်နေတဲ့ စုံတွဲတစ်တွဲဆီ ကြည့်မိပြန်တယ်။
မနာလို ခြင်းဆိုတဲ့ အကုသိုလ် တရားက ကျွန်တော့်ရင်ကို အားပါးတရ စုတ်ဖြဲနေလေရဲ့။
အလိုက်မသိတဲ့ သောက်လုံးတွေကို နှိုက်ထုတ်ချင်မိတော့ သူ့ကိုမတွေ့ရရင် ရူးမတတ် လွမ်းရတဲ့ ကိုယ့်ကိုယ်ကိုယ် သနားလို့ ငြိမ်နေလိုက်ပါတယ်။
သူ့နဲ့ ကျွန်တော့် ရေစက် က အနက်ရောင် တောက်တောက်လေးရယ်။ ကံကြမ္မာ ဈေးရောင်းသူ က ကျိန်စာ တွေ အစစ်ထည့်ပေးလိုက်တယ်လေ။
' အနည်းဆုံး့ မင်းတစ်ယောက်ကတော့ ငါ့ကို ယုံမယ် ထင်ထားတာ '
မျက်မှန်အောက်က သူ့မျက်ခုံးတွေ လွန်ခဲ့တဲ့ ၈နှစ်ကလို ကြုတ်မထားတော့ဘူး။
ကျွန်တော့်ကို မျက်ဝန်းသေတွေနဲ့ ငေးကြည့်နေတယ်။' Yoon...ငါဆိုတဲ့ ကောင်က မင်းမဟုတ်တဲ့ တခြားလူကို စိတ်နဲ့တောင် ပစ်မှားမယ် ထင်နေလား ?'
'ငါ မင်းကို ဘယ်တုန်းကမှ မယုံမိဘူး ထင်တာပဲ '
Min Yoongi......
နာမည်က သောက်ရမ်း လှပါရဲ့။
ဘာလို့ ဒီလို ရက်ရက် စက်စက် စကားတွေ ပြောထွက်ရက်တာလဲ......အဟက်......ဟုတ်ပါ့ဗျာ သူဘယ်တုန်းကမှ ကျွန်တော့်ကို ယုံခဲ့တာမဟုတ်ဘူး။
ဟုတ်လို့လားးး???
သိပ်သေချာတာပေါ့......
ကျွန်တော်တို့ရဲ့ Past ကို Editပြန်လုပ်ကြည့်ရင်တောင် Faithfulness ဆိုတဲ့ ယုံကြည်ခြင်း သစ္စာရှိခြင်းတွေ ပျောက်ခြင်းမလှ ပျောက်နေဦးမှာပဲ။
ကျွန်တော်ပြောသားပဲ ကျွန်တော်နဲ့သူ့ရဲ့ ရေစက်က အချစ်သက်သက်ပဲ ရှိတာာာပါဆို။
YOU ARE READING
ငါမဟုတ်တဲ့ ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့ မင်း (YoonMin)
Fanfictionမင်းမလိုချင်လို့  လွှင့်ပစ်ခဲ့တာ ငါကိုယ်တိုင် တယုတယ ပျိုးထောင်ထားတဲ့ မင်းကိုချစ်တဲ့ငါ့စိတ်တွေ......... #kpopfanfiction