[Unicode]အောက်တိုဘာလ၏ နေရောင်ခြည်သည် တောက်ပ၏။
သို့သော်လည်း ကျောင်းဝန်းထဲရှိ အုတ်ခုံလေးပေါ်တွင် ထိုင်နေသော ကောင်လေး၏ အပြုံးတို့က ဖြော့တော့လျှက်။ ထိုကောင်လေးသည် ကောင်လေးတစ်ယောက်ကို ချစ်မိသည့် အချိန်မှစ၍ မချင့်မရဲလေး ပြုံးလာတတ်သည်။ထိုကောင်လေးကို ချစ်တဲ့စိတ် ...တစ်ဦးတည်းသော ယောက်ျားလေး သူငယ်ချင်းကို ချစ်မိနေတဲ့စိတ် ...မြတ်နိုးမိလွန်းလို့ ကိုယ်နဲ့တောင် မထိုက်တန်ဘူးဆိုကာ ထိန်းချုပ်နေရတဲ့ စိတ် ......
နေ့ရက်တိုင်း နာရီတိုင်းဟာ Jiminie Jimineဆိုပြီး ပဲ့တင်ထပ်နေလေရဲ့ ။ ချစ်တယ် ပြန်မချစ်မှာကိုပိုလို့ ကြောက်တယ်။ ပိုင်ဆိုင်ခွင့်ရပြီးမှ မတော်တဆ ဝေးသွားခဲ့လျှင် ရူးသွားနိုင်သည့် ကိုယ့်စိတ်ကြောင့် ပိုင်ဆိုင်ချင်သော ဆိုသည့် အတွေးတစ်စ အား ယောင်လို့မှ မတွေးမိအောင် ထိန်းချုပ်ရ၏။အနားကပ်မိတာနဲ့ လောဘ တက်မိတာမို့ ခပ်ကင်းကင်းနေကြည့်တော့ သူငယ်ချင်းဆိုသည့် ဆက်ဆံရေးကပင် အက်ကွဲချင်လာသလိုလို။ရုတ်တရက် ပြောင်းလဲသွားသည့် Yoongiကို မသိချင်ယောင်ဆောင်ကာ ဆက်လက်ပေါင်းသင်း ကြရှာတဲ့ kookieနဲ့ jiminie.။
စိတ်လွတ် ကိုယ်လွတ်နှင့် အရင်ချိန်တွေလို သူငယ်ချင်းသုံးယောက် ပျော်ပျော်ပါးပါး ဖြတ်သန်းနေစဉ် သစ်သီးရနံ့သင်းသင်းလေးရှိသော သူ့ကိုယ်သင်းရနံ့အား ခိုးယူမွှေးကြူမိချိန် အပြစ်ရှိသလို ခံစားချက်ကြောင့် ထထွက်သွားတတ်သည့် အခါတွေလည်း Min yoongi တွင် ရှိခဲ့ဖူးသည်။
Chingu?? or Arrnyi Namja Chingu??
သူငယ်ချင်း အနေနှင့် ဆက်မရှိချင်
ချစ်သူ အနေနှင့်လည်း ရှေ့ဆက်မတိုးရဲ
သတ္တိတွေ ဆိုတာ Park Jimin ဆိုသော သတ္တဝါလေးရှေ့ဆို ကြက်ပျောက်ငှက်ပျောက်သည့်ပမာ ပျောက်ရှသွားလေသည်။
ဆက်ကျော်သက် အရွယ် စိတ်ကစားခြင်း ဖြစ်မည် ဟုတွေးကာ နှလုံးသားကို ပုန်ကန်လျှက် ကောင်မလေး တစ်ယောက်နှင့်လည်း တွဲခဲ့ဖူး၏။Yoongi ကိုယ်တိုင် မည်သည့် အရိပ်အမြွက်မျှ ပြုမူပြောဆိုခြင်း မရှိသော်လည်း Park Jiminသည်သာ Yoongi၏ နှလုံးသားပိုင်ရှင်အစစ်ဆိုသည်ကို သိသွားရသောအခါ ထိုတွဲခဲ့ဖူးသော ကောင်မလေးခမျာ အလိုအလျှောက် တပ်ဆုတ်သွားလေသည်။
YOU ARE READING
ငါမဟုတ်တဲ့ ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့ မင်း (YoonMin)
Fanfictionမင်းမလိုချင်လို့  လွှင့်ပစ်ခဲ့တာ ငါကိုယ်တိုင် တယုတယ ပျိုးထောင်ထားတဲ့ မင်းကိုချစ်တဲ့ငါ့စိတ်တွေ......... #kpopfanfiction