အခုတလော ဘယ်လိုတွေဖြစ်နေလဲ မသိ ။ Kim TaeHyung တစ်ယောက် Jungkook အပေါ် အရမ်း စနောက်လာသည် ။ မနေ့က Game အဆော့လွန်ပြီး ညဥ့်နက်မှ အိပ်ခဲ့သည့် အကြောင်းကြောင့် Jungkook အခန်းထဲ သတိလက်လွတ် ငိုက်နေတော့သည်။ စာသင်ခုံ ၏ နောက်မှီပေါ် ခေါင်းလှန် နေကာ ပါးစပ်လေးဟ ပြီး အိပ်နေသည့် ပုံကို TaeHyung က အမိအရ ရိုက်ပြီး တစိမ့်စိမ့်ကြည့်ကာ ခွီနေခြင်းပင်။Kookie တစ်ယောက် အခန်းထဲက အသံတစ်ချို့ကြောင့် ဆက်ခနဲ တုန်သွားကာ နိုးလာချိန် ရှေ့ခုံမှ TaeTae ၏ ရယ်သံကြောင့် ခါးလေးကုန်းကာ ကြည့်မိတော့ phone screenပေါ်က ပုံပျက်ပန်းပျက်ဖြစ်နေသော မိမိ ပုံကြောင့် ရှက်ရမ်းရမ်းပြီး ထအော်လေသည်။
' yarr ပြန်ဖျက်ပေး မတာကောင် '
'အမလေး Jungkook နဲ့ ငါနဲ့ ညား '
နား နားလေး ကပ်ကာ နောက်မှ အော်လိုက်သည့် အသံကြောင့် Taehyung လန့်သွားကာ ယောင်လိုက်ခြင်းပင် ။
' ဘာကိစ္စ ငါက နင်နဲ့ညားရမှာလဲ ။ အခုချက်ခြင်း အဲ့ပုံဖျက်ပေး '
ခေါင်းကို အသာ ကုတ်နေသည့် TaeHyung၏ လက်ချောင်း သွယ်သွယ်တို့ဆီ ကြည့်မိတော့ Jungkook စိတ်ထဲတွင် အနည်းငယ် မကျေမနပ်လေး ဖြစ်သွားကာ နှုတ်ခမ်းထော်မိသည်။
*သူ့လက်တွေက ငါ့ထက်တောင် သွယ်နေလိုက်တာ ... မနာလိုတောင်ဖြစ်လာပြီ *
ရုတ်တရက် မေးဖျားလေးကို လာကုတ်သည့် Tae၏ လက်သွယ်သွယ်တို့ကြောင့် Jungkook လန့်ကာ ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိသည်။
' aigoo Oppaရဲ့ kookie လေး စိတ်မကောက်ပါနဲ့ ကွာ ။ Oppa က အမှတ်တရလေး သိမ်းထားချင်လို့ ပါ ။ နော် '
' yarr Kim TaeTae ဘာ Oppaလဲ ။ နင် ရိုက်ချင်ရင်လည်း လှလှပပ လေး ရိုက်ပေးလေ ။ '
မျက်ခုံး နှစ်ဖက်ပင့်ကာ ပြူးပြူးလေး ကြည့်လာသည့် TaeHyungအား ယုန်သွားလေး ပေါ်အောင် ရယ်ပြရင်း
' နင် ငါ့ကို ဓာတ်ပုံလှလှ လေး ရိုက်ပေးမယ်မလား ။ Jimin ကတော့ ရိုက်ပေးဖူးတယ် ဒါပေမယ့် စိတ်တိုင်မကျလို့ ။ နော် နော် နော် '
ရုတ်တရက် မိမိ၏ အင်္ကျီကော်လံ နှစ်ဖက်ကို လာဆွဲကာ နှုတ်ခမ်းလေး ဆူပြီး ခုန်ဆွခုန်ဆွ လာလုပ်နေသည့် သူမ ကြောင့် လူက ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။
YOU ARE READING
ငါမဟုတ်တဲ့ ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့ မင်း (YoonMin)
Fanficမင်းမလိုချင်လို့  လွှင့်ပစ်ခဲ့တာ ငါကိုယ်တိုင် တယုတယ ပျိုးထောင်ထားတဲ့ မင်းကိုချစ်တဲ့ငါ့စိတ်တွေ......... #kpopfanfiction