[Unicode]' Happy Birthday to you...
Happy Birthday to you...
Happy Birthday Jungkookie...
Happy Birthday to you... ''ဝေးးးး '
'ဟေးးးး '
'Jungkook Jungkook ငါ့ကို အရင် ကိတ်ခွင့်နော် '
ကိတ် တောင် မလှီးရသေးဘူး အသံပြဲကြီးနဲ့ ငတ်ကြီးကျနေတဲ့ Taehyungကို Jungkook တမင် နှုတ်ခမ်းလေး ရွဲ့ပြလိုက်ပါ၏။
Jeon Jungkook
16နှစ်ပြည့် မွေးနေ့ဆိုသော Cream တွေနဲ့ ပုံဖော်ရေးထားတဲ့ စာသားပါသည့် သုံးထပ်ကိတ်ကြီး ပေါ်မှ ဖယောင်းတိုင်လေးတွေကို တစ်ခါထဲ မီးမှုတ်လိုက်သည်။
သူ့ကို အရင်ဆုံး ကိတ်ခွင့်မယ်လို့ ထင်မထားဘူးနဲ့ တူပါတယ်။ အံ့သြ ကာ မျက်လုံးလေးတွေပြူးပြီး နှုတ်ခမ်းမှာလဲ ကိတ်တွေ ပေပွ လို့......။
'ဟာာ Oppa ကို အရင်မကျွေးပဲ Jiminieကို အရင်ကျွေးတာပေါ့ ဟုတ်လား '
အစ်ကို ဖြစ်သူ SeokJin က လှမ်းစ တော့ Kookie ရှက်ရှက်နဲ့ နှုတ်ခမ်းလေး ကိုက်ကာ creamတစ်ချို့ကို ယူပြီး style အပြည့်နဲ့ ခပ်ချေချေ လက်ပိုက် ရပ်နေတဲ့ Yoongiရဲ့ နှာခေါင်းကို ခြေဖြားထောက်ကာ လှမ်းသုတ်လိုက်လေသည်။
မျက်မှောင်ကြီး ကြုတ်သွားတဲ့ Yoongi ကို ကြည့်ပြီး သူငယ်ချင်းတွေ အကုန် ဝိုင်းရယ် နေရတော့သည်။
အဖြူရောင် သိုးမွှေးဂါဝန် လေးက ဒူးအထက်မှာ ဝဲနေကာ ယုန်နားရွက်လေးပါတဲ့ ဘီးကုတ်လေးကို ပါဝတ်ထားတော့ Jungkookieဆိုသည်မှာ တစ်ကယ့် ယုန်ဖြူလေးလို လှချင်တိုင်းလှနေတော့သည်။
' Jimin စားလေ ဘာငိုင်နေတာလဲ '
ရေခဲမုန့်ခွက်ထဲက မုန့်တွေကတော့ Jiminရဲ့ စိတ်မပါလက်မပါ ဇွန်းနဲ့ ဖိချေ ခံထားရတာကြောင့် လုံးလုံး အရည်ပျော်နေပါပြီ။
သူ့ရင်တွေလဲ အရည်ပျော်ကျ မတတ် ပူလောင်လွန်းနေပြီ။
Min YoonGi.........ဘယ်ရောက်သွားတာလဲ?
မုန်တိုင်းတွေရှိတာကြောင့် မသာယာတဲ့ ရာသီဥတု က အသည်းတဆက်ဆက်တုန်အောင် အေးနေလေသည်။
သို့ပေမယ့် သူတို့နိုင်ငံက ရာသီဥတုနဲ့ ငယ်ငယ်ကတည်းက အကျင့်သားရပြီးသားပင်။
YOU ARE READING
ငါမဟုတ်တဲ့ ရင်ခွင်ထဲက ငါသိပ်ချစ်တဲ့ မင်း (YoonMin)
Fanficမင်းမလိုချင်လို့  လွှင့်ပစ်ခဲ့တာ ငါကိုယ်တိုင် တယုတယ ပျိုးထောင်ထားတဲ့ မင်းကိုချစ်တဲ့ငါ့စိတ်တွေ......... #kpopfanfiction