ကျင့်ယွင် နဲ့ ရှုယု တို့ နှစ်ယောက်လည်း
ခ န္တာကိုယ်ပြောင်းလဲဖို့ နည်းမတွေ့မယ့်အတူတူ
ကိုယ်ကျရာနေရာမှာ သရုပ်ဆောင်ဖို့ပဲရှိတော့တယ်။အဲ့လိုနဲ့ပဲ ရှုယု က နန်းတွင်းရေးရာကို တာဝန်ယူတယ်။
ကျင့်ယွင် ကတော့ တော်ဝင်မောင်းမဆောင်ကို စီမံရတယ်။ရှုယု ကတော့ သူ့တာဝန်နဲ့အညီ ခုံရုံးထဲကိုရောက်နှင့်နေပြီ
သူ့အရှေ့က အမတ်တွေအရာရှိတွေကလည်း သူ့အစုနဲ့သူ
ဆွေးနွေးနေကြတယ်။
ဒါပေမဲ့ သူတို့ဘာတွေပြောနေလဲဆိုတာ ရှုယု ခေါင်းထဲမှာ
မရှိဘူး။ အခု သူမတွေးနေတာက တခုတည်းသာ၊အရှင်မင်းကြီး. အဆင်ရောပြေရဲ့လား မသိဘူး..
ငါ တကယ်စိတ်ပူတယ်..ရှုယု လည်း ခုံရုံးကိုသွားတာမို့ ကျင့်ယွင် လည်း
မယ်တော်ကို ဂါရဝပြုဖို့အတွက် မယ်တော့်နန်းတော်ကို
သွားလိုက်တယ်။" မိဖုရားခေါင်ကြီး မနေ့ညက အရမ်းပင်ပန်းသွားတဲ့ပုံပဲ
ဘာလို့ အခုချိန်မှ ရောက်လာရတာလဲ "ကျင့်ယွင် နန်းဆောင်ထဲကို ဝင်ရုံရှိသေး ပေါ်ထွက်လိုက်တဲ့
အသံကြောင့် အခန်းထဲကို ကြည့်လိုက်တယ်။
အခန်းထဲမှာ မယ်တော်အပြင် တခြားမိဖုရားတွေလည်း
ရှိနေတယ်။ ခုနက အသံပိုင်ရှင်ကတော့ သူရဲ့မိဖုရားလည်းဖြစ် ဝမ်းကွဲညီမလည်းဖြစ်တဲ့
မြင့်မြတ်သောမိဖုရား ပဲဖြစ်တယ်။
ဒါပေမဲ့ ဘာလို့ သူမက အဲ့လိုမေးရဲရတာလဲ
ကျင့်ယွင် အခု ရှုယု ရဲ့ကိုယ်ထဲရောက်နေပေမဲ့
ရှုယု ကမိဖုရားခေါင်ကြီးလေ ။ ဘယ်လိုပဲဖြစ်ဖြစ်
ကွေ့ဖေးက ရှုယု ထက် အဆင့်နိမ့်တာတောင်
ဒီလိုပြုမူရဲတယ်။ ဒါကို ရှုယု ပဲသည်းခံနိုင်မယ် ကျင့်ယွင်
အတွက်တော့ လက်ခံနိင်စရာအကြောင်းမရှိပေ။" ကွေ့ဖေး မင်းကရော မင်း..မိဖုရားခေါင်ကြီးကို တွေ့တာ
တောင် ဘာလို့ဂါရဝမပြုဘဲ နေရဲတယ်ပေါ့! "ကွေ့ဖေး ' သူ ဘယ်အချိန်ကစပြီး ဒီလို ဒေါသကြီးလာရတာလဲ '
ကျင့်ယွင် ရဲ့စကားကြောင့် ကွေ့ဖေး မျက်နှာမှာ အံသြတဲ့
အရိပ်အယောင်တွေပေါ်လာပေမဲ့ ခဏလေးအတွင်းမှာ
ပျောက်သွားတယ်
YOU ARE READING
[Myanmar Translation]No doubt in us
Historical Fictionဧကရီ -စစ်သည်မျိုးနွယ်ကနေဆင်းသက်လာသူ။ ဧကရာဇ်-ထီးနန်းသက်တမ်းနုသေးတဲ့အပြင် အုတ်မြစ်တောင်မခိုင်သေး။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ လုံးဝကို အေးခဲမှတ်ကျရောက်နေတယ် " ရူယု မင်းသိပ်မလွန်လာနဲ့...." မတော်တဆဖြစ်ပြီး သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်းလဲသွားတယ် " အ...