အပိုင်း(၂)ကျွန်မကအရှင်မင်းကြီး အရှင်မင်းကြီးကကျွန်မ

4.2K 264 13
                                    


ရှုယု မယ်တော်ကြီးရဲ့အကူအညီနဲ့ ဖြေးဖြေးချင်း
ထလိုက်တယ်။

" နန်းတွင်းသမားတော်ကို မယ်တော်စမ်းသပ်ခိုင်းပြီး
သွားပြီ။ သားတော် တညလောက်နားနားနေနေ
နေလိုက်။ မိဖုရားခေါင်ကြီးအတွက် စိတ်မပူနဲ့။
မယ်တော် သူ့ကိုဂရုစိုက်လိုက်မယ်။ "

သူ့ကို?ဂရုစိုက်?

အရှင်မင်းကြီးကိုယ်ထဲ ရောက်နေတဲ့ ရှုယု ကတော့
ပြောစရာစကားမဲ့သွားတယ်။

" အဟမ်း...မယ်တော် သားတော်အဆင်ပြေနေပါပြီ
မယ်တော် အနားသွားယူပါတော့ "

မယ်တော်ကြီးထွက်သွားသေချာမှ ရှုယု လည်း
အသက်ဝဝရှုနိုင်တော့တယ်

'ဟင်းး..'

ရှုယု လည်း သက်ပြင်းပဲချနိုင်တော့တယ်

" အရှင်မင်းကြီး မြင့်မြတ်သော မိဖုရားနဲ့
ကိုယ်လုပ်တော်ူ တို့က မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်။ "

ရှုယု မျက်နှာချက်ချင်းကို မှုန်ကုန်သွားတယ်။

" ငါကိုယ်တော် သူတို့ကိုမတွေ့ချင်သေးဘူလို့ ပြောလိုက်"

အထိန်းတော်ကြီးလည်း ထွက်သွားတော့မှ ရှုယု
အရှေ့အနာက်လျှောက်ရင်း စဉ်းစားနေမိတယ်

စဉ်းစားစမ်း... စဉ်းစားစမ်း
အာ..
တကယ်လို့ ငါကအရှင်မင်းကြီးကိုယ်ထဲ ရောက်နေတာဆိုတော့ အရှင်မင်းကြီးက
ဘယ်ရောက်နေတာလား
အခု ငါ့ကိုယ်ထဲမှာ ဘယ်သူရှိနေမှာလဲ
သွားပြီ!!!

ရှုယု ချက်ချင်းပဲ ဖိနပ်ကောက်စီးလိုက်တယ်။

" အပြင်မှာတယောက်ယောက်ရှိလား ။
ငါကိုယ်တော်ကို ဝေါယာဉ်ပြင်ပေးစမ်း
ဖန်ရီ နန်းဆောင်ကိုသွားမယ် "

" မှန်လှပါ "

                     ______________
အရှင်မင်းကြီး ကြွရောက်လာပါပြီ

ရှုယု သူ့နန်းဆောင်ကိုရောက်တာနဲ့ ချက်ချင်းအဆောင်ထဲ
ကို ဝင်လိုက်တယ်။

အဆောင်တံခါးကို ခြေလုမ်းရုံရှိသေး အကြည့်နဲ့စစ်ဖြစ်
နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။

[Myanmar Translation]No doubt in usDonde viven las historias. Descúbrelo ahora