ရှုယု အတွက် မင်းကြီးလိုပြုမူနေရတာနဲ့ ခုံရုံးအရေးတွေကို
စီမံရတာ နည်းနည်းအခက်အခဲရှိပြီး ပင်ပန်းပေမဲ့လည်း
ပင်ပန်းတာချည်းပဲ မဟုတ်ဘူးလေ။မင်းကြီးဆိုတာမျိုးက လူတိုင်းကမော်ကြည့်ရတဲ့သူမျိုးလေ
သူ့အကြိုက်အလိုက်ဆောင်ပေးမယ့်လူတွေက တပုံကြီး။
ရှုယု အနေနဲ့ မင်းကြီးရဲ့ကိုယ်ထဲရောက်နေတာ
နည်းနည်းကြာနေပြီ။ ပြန်လဲနိုင်မယ့်နည်းကိုလည်း
မတွေ့သေးတာမို့ အခွင့်အရေးရတုန်း ကောင်းကောင်း
အသုံးချရမယ်လေ။အရှင်မင်းကြီးက ငယ်ငယ်လေးတည်းက ထီးနန်းဆက်ခံခဲ့တာမို့ မိဖုရား ကိုယ်လုပ်တော်တွေလည်း
အတော်အတန်ရှိတယ်။ စိတ်မကောင်းစရာက အရှင်မင်းကြီးက သွေးအေးပြီး ဂရုစိုက်တတ်တာမျိုး
မရှိရှာဘူး။ အရှင်မင်းကြီးက သူကိုယ်တိုင်ရဲ့ ချောမောမှုကို လျစ်လျူရှုထားတာများလား။
အရှင်မင်းကြီးက အဲ့လိုဆိုရင်တောင်
ရှုယု ကတော့ မဟုတ်ဘူးလေ...အဲ့ဒါနဲ့ပဲ ရှုယု လည်း အချိန်မနှေးစေဘဲ ဥယျာဉ်တော်ထဲကို
လမ်းလျှောက်ထွက်လိုက်တယ်။
သွားတဲ့လမ်းတလျှောက် နန်းတွင်းသူလေးတွေက သူ့ကိုပဲ
စိုက်ကြည့်နေကြတာ။အဟမ်း...ငါချောတ...အဲ့. အရှင်မင်းကြီးချောမှန်း ငါသိသားပဲ တကယ်ပဲ အရှင်မင်းကြီးက ချောမောနေတာကို ကောင်းကောင်းအသုံးမချတတ်ဘူးပဲ
" ကုန်းကုန်း "
" ကျွန်တော်မျိုးရှိပါတယ် အရှင်မင်းကြီး "
" ငါနည်းနည်းပင်ပန်းနေတယ် ငါစိတ်ပျော်သွားအောင်
လုပ်ဖို့ ဘာရှိလဲ။ "နောက်ကနေ ပါလာတဲ့ကုန်းကုန်းကိုခေါ်ရင်း မေးလိုက်တယ်။ အမေးခံလိုက်ရတဲ့ကုန်းကုန်းကတော့
ရုတ်တရက်မို့ အဖြေမရှိဖြစ်သွားတယ်။အဖြေမရှိဆို
အရှင်မင်းကြီးအဲ့လိုတောင်းဆိုတာမျိုးမှ မရှိဖူးတာ။
သို့ပေမဲ့ အရှင်မင်းကြီးက မေးမှတော့ သူ့အနေနဲ့
အဖြေရှိရမယ်။"ကျွန်တော်မျိုးသိရသလောက်တော့ ကိုယ်လုပ်တော်တွေထဲမှာ အကကျွမ်းကျင်တာ တယောက်နှစ်ယောက်တော့ ရှိပါတယ်။ အရှင်မင်းကြီးရှုစားဖို့ ကျွန်တော်မျိုး ပြင်ဆင်လိုက်ရမလား "
" အင်း သွားပြင်ဆင်လိုက် "
YOU ARE READING
[Myanmar Translation]No doubt in us
Historical Fictionဧကရီ -စစ်သည်မျိုးနွယ်ကနေဆင်းသက်လာသူ။ ဧကရာဇ်-ထီးနန်းသက်တမ်းနုသေးတဲ့အပြင် အုတ်မြစ်တောင်မခိုင်သေး။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ လုံးဝကို အေးခဲမှတ်ကျရောက်နေတယ် " ရူယု မင်းသိပ်မလွန်လာနဲ့...." မတော်တဆဖြစ်ပြီး သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်းလဲသွားတယ် " အ...