chapter 1

16.1K 1K 114
                                    

[Zawgyi]

ငယ်ငယ်လေးတည်းက တစ်ယောက်တည်းပဲနေတယ်။ မောင်နှမသားချင်းတွေမရှိသလို ဘယ်သူ့ကိုမှလည်း အဖတ်လုပ်ပြီး မပေါင်းသင်းဖူးဘူး။
အဲ့တာကြောင့် ကိုယ့်ကိစ္စကို တခြားသူတွေ လာစွတ်ဖက်ရင် နည်းနည်းလေးမှ မကြိုက်။

ဘယ်သူ့မှဂရုမစိုက်ဘဲ ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေနေတာ။
ကိုယ်ရေးကိုယ်တာကို လာစပ်စုရင်တော့...
အားနေတဲ့လက်လေးတွေ စုပြီး အသနားခံတောင်းပန်ရတဲ့အထိ ပညာပေးလိုက်လို့ရတယ်။

တစ်ကိုယ်တည်း အထီးကျန်တယ်ဆိုတာ အလုပ်မရှိတဲ့ သူများနောက်လိုက် နလပိန်းတုံးတွေရဲ့စကား။
ဘုရားသခင်က အသက်ရှင်ခွင့်ပေးထားတာ အလကားမှတ်လို့... ကိုယ့်အတွက် ချမှတ်ပေးထားတဲ့ တာဝန်ကရှိပြီးသားပဲ။
အလေလိုက်နေမှ လူအမြင်ကတ်ခံရပြီး မတော်တဆ သေသွားရင် အကျိုးမဲ့အသုဘတစ်ခုက အဖတ်တင်ဦးမယ်။

လူတွေကလည်း ရှင်တုန်းသာတန်ဖိုးမထားတာ။ သေရင်ကျပြပါလိမ့်မယ်။ မဆုံးနိုင်တဲ့မျက်ရည်တွေ....။
လူတိုင်းမှာ သူ့တန်ကြေးနဲ့သူတော့ ရှိပါရဲ့။ ဒါပေမဲ့ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုဆို ငိုပေးဖို့တော့ စိတ်ကိုမဝင်စားတာ။ ကိုယ့်မျက်ရည်နဲ့မတန်မရာရယ်လို့ သတ်မှတ်ထားတာကြောင့်....။

လူချမ်းသာတို့ရဲ့ထုံးစံအတိုင်း အိမ်ကအမြဲ လူအဝင်အထွက်မပြတ်။ ကပ်ရက်ဖားယားနေတဲ့ လူတွေရော မျက်နှာချိုသွေးတတ်တဲ့ဟာတွေရော စုံနေရော။
ထားပါ... တွေ့ချင်တာက ဒီလူတွေမဟုတ်ဘူး။ သူတို့တွေ သည်းသည်းလှုပ် ချဉ်းကပ်ဖို့လုပ်နေတဲ့ အိမ်ကြီးရှင် ကျွန်တော့်အဖေ။

အရေးကြီးတဲ့အထိမ်းအမှတ်နေ့တွေကလွဲ ခြေတောင်မချဖူးတဲ့ မိဘအိမ်။
ကျွန်တော့်ကန့်သတ်ချက်တွေထဲ မိဘတွေသည်လည်း ချွင်းချက်အဖြစ် ပါဝင်မနေခဲ့ချေ။
ကုမ္ပဏီကိစ္စပဲဖြစ်နေပါစေ
အသိမပေးဘဲ ဝင်ရောက်ဆုံးဖြတ်ခဲ့တာကြောင့် ပြောသင့်တာတော့ပြောရမည်ပင်။

"ပြောစရာရှိတယ်"

မလာစဖူး ကျွန်တော့်ကိုမျက်ခုံးပင့်ကြည့်လာတဲ့ ဖခင်နဲ့ ဘေးမှာဝိုင်းနေတဲ့လူ့ကပ်ပါးတွေရဲ့ စူးစူစမ်းစမ်းအကြည့်တွေ။

Under Control 《kv》Where stories live. Discover now