chapter 7

9.2K 711 81
                                    

[Zawgyi]

အစက နည်းပါတယ် ဆိုတဲ့လူအုပ်က အခုတော့လည်း ခန်းမကျယ်သည်ပင် ကျဉ်းမြောင်းလွန်းနေသယောင်။ သတင်းထောက်တွေပါတော့ပိုဆိုး၊ ကင်မရာမီးတဖျတ်ဖျတ်နဲ့ ပွက်ပွက်ကိုညံလို့။

ထိုမြင်ကွင်းကြောင့် မသယ်ချင်သယ်ချင် လှမ်းနေရာက ရပ်တန့်သွားတဲ့ ခြေလှမ်းတွေ။ စိတ်ညစ်ညူးစွာ လေပူတစ်ချက်မှုတ်ထုတ်တော့ ရှေ့မှာလျှောက်နေရင်းက လည်ပြန်လှည့်ကြည့်တယ်။

"ဘာဖြစ်တာလဲ။"

ပါးစပ်ကမေးရင်း မျက်လုံးကပါ ကျွန်တော့်အခက်အခဲကို အဖြေရှာနေဟန်။ စိတ်ထဲနွေးတယ်ဆိုပေမဲ့ အကြည့်ရဲရဲကြောင့် လူကမသက်မသာရယ်။

ခုနေရင်တုန်တာ ခဏဘေးချိတ်၊ လောလောဆယ် အရေးကြီးတာက တစ်လံအကွာမှာ ဘဝပျက်နေတဲ့ လူအုပ်ကြီး။

တချို့ကတော့ ကျွန်တော့်ကိုသိသည်ထင့်၊ အပေါက်ဝမှာ မတ်တပ်ရပ်နေတာ မြင်တော့ အားနာပါးနာလေးတွေ ပြုံးပြကြတယ်။ မဲ့ပစ်ချင်စိတ်ကို အသာထိန်းကာ စိတ်ကိုဖြေလျှော့ရ၏။ ဘယ်လိုပဲ မဆက်ဆံချင်ဘူးပြောပြော ကိုယ့်တာဝန်တော့ ပြီးပြတ်အောင် လုပ်ရမည်ပင်။

"ဒီတိုင်း စိတ်ရှုပ်လို့"

သူစိတ်ကျေနပ်အောင်သာ ပြီးပြီးရော သဘောဖြေပြီး အရင်ဆုံး ခန်းမထဲဝင်လာခဲ့တယ်။ သူကတော့ ဘယ်လိုနေသည်မသိ၊ အထဲရောက်တာနဲ့ နှုတ်ဆက်လိုက်ရတဲ့လူတွေ မနည်းမနော။ နောက်ဘယ်က အနားရောက်လာမှန်း မသိတဲ့ Hoseok Hyung။

မိတ်ဆက်ပေးစရာရှိတယ်ဆိုပြီး ဆွဲခေါ်သွားလိုက်တာ လူက တရွတ်တိုက်မဆွဲရုံတစ်မယ်။

တိုသထက်တိုလာမယ့် သက်တမ်းကို စိတ်ထဲတွက်ချက်ပြီးသာ သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း....။


▪ ▪ ▪ ▪ ▪

UNDER CONTROL ■


လောဘကို အကြောင်းပြုပြီး မနာလိုဝန်တိုတာတွေရဲ့ မျက်နှာပြောင်တိုက်ခြင်းကို နားနဲ့မဆန့်အောင် ခံလာရပြီးသကာလ....၊

လူတကာကို ပတ်ရှောင်ရင်း အပြင်ဘက် မြက်ခင်းပြင်ပေါ် ခြေချမိတယ်။

Under Control 《kv》Where stories live. Discover now