[Zawgyi]
အစည်းအဝေးပြီးမြောက်ကြောင်း မကြေညာခင်မှာပဲ ဟိုတစ်ကွက် ဒီတစ်ကွက် ထင်မြင်ချက်တွေကို လျစ်လျူရှုပြီး ထထွက်လာခဲ့တယ်။
စိတ်ရှုပ်နေရတဲ့အထဲ အချင်းချင်း သူမှန်တယ် ကိုယ်မှန်တယ် အနိုင်လုရင်း တိုက်ခိုက်နေကြတာတွေက စိတ်ပျက်ဖို့ကောင်းလွန်းနေပြီလေ။
လှည့်မကြည့်ဘဲလည်း သိနေတယ်... ကျွန်တော့်နောက်ကျောမှာ ကပ်ပါလာမယ့် မလိုမုန်းထားအကြည့်တွေကို။
အဆုံးသတ်မရှိတဲ့ အပြိုင်အဆိုင်တွေကြား ပေါ်ပေါက်လာတဲ့ စိတ်ယုတ်တွေနဲ့
သူတို့ကိုကြည့်ပြီး ရယ်ချင်မိသား။
ကံကြမ္မာက ကြိုးကိုင်ထားတဲ့
ကစားပွဲမှန်း သိသိကြီး အလိမ်မိရင်း တိုက်စားခံနေရတာ.....
နောက်ဆုံး အသိတရားရပြီး
ရှုံးနိမ့်ခြင်းအပေါင်း ရင်ဝယ်ပိုက်လို့ ကိုယ့်ရှေ့ဒူးထောက်လာမယ့် မျက်နှာတွေကို မြင်ယောင်ပြီး တစ်ချက်ပြုံးမိတယ်။စိတ်ကူးယဉ်ခွင့်လေးတော့ ပေးထားမှပါ။ မဟုတ်ရင် ဒီကစားပွဲကြီးက အရမ်းပျင်းဖို့ ကောင်းနေမယ်....
တစ်နေရာကိုအကြည့်ရောက်သွားခိုက် ၊ မျက်လုံးလွှဲရုံ ဝေ့ကြည့်ပြီး ဂရုမစိုက်သလို ကျောပေးသွားတဲ့သူဟာ ကျွန်တော့်ကို စိန်ခေါ်လာတယ်။
မဟုတ်သေးဘူး....
အမှန်ဆို သူ ကျွန်တော့်ဆီ အပြေးရောက်လာရမှာလေ။မိန်းမတွေကလည်း အခုမှချောချောမောမော မြင်ဖူးတဲ့ပုံနဲ့ တွေ့တိုင်းပြေးကပ်တုန်း...
ကြာတော့ ကျွန်တော်မြင်ပြင်းကတ်လာတယ်။ သူတို့ကို သိပ်တော့လည်း အပြစ်ပြောလို့မရ။ ကိုယ်တောင်သူ့ကို မြင်မြင်ချင်း တပ်မက်မိခဲ့တာပဲမဟုတ်လား။"Jeon JungKook!"
ကျွန်တော့်အသံကြားမှ လူအုပ်ကွဲသွားပြီး
မထုံတက်သေးပုံစံနဲ့ ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ တစ်လှမ်းချင်း အေးဆေးလျှောက်လာတယ်။
အနားရောက်တော့ မေးငေါ့ပြတာ ဘာလဲ ဆိုတဲ့သဘော....။ဒီကောင် တမင်ကျွန်တော့်စိတ်ကိုဆွနေတာ...
ဒေါသကိုပြာဖုံးပြီး နောက်ကနေသာ လိုက်လာခိုင်းလိုက်တယ်။
တကယ်တော့ သူ့ကိုလုပ်ခိုင်းစရာဘာမှမရှိ။
ဘာလို့ သွားခေါ်မိလဲဆိုတာတောင် မရေရာဘူး။ မသေချာတာကို မကြိုက်တဲ့ကျွန်တော်။
YOU ARE READING
Under Control 《kv》
Romance" I'll never let you get away from me" • • • • • ▪pairing - taekook ▪language - myanmar ▪genre - romance (slight bdsm themes) ▪started - 2nd September, 2018 ▪ ended - ??? ? WARNINGS - foul words, mature content ?