4

3.7K 364 3
                                    

4

လေးဘဝ...

ဓားပြ​တွေကသန်​မာလာကြပြီးအစိုးရအရာရှိ​တွေကအကူအညီကင်းမဲ့လာခဲ့သည်​။

သူမကအရာရှိတစ်​ဦးရဲ့သမီးဖြစ်​သည်​။စာ​ပေနဲ့စစ်​မှု​ရေးရာမှာပြည့်​စုံပြီးအလှအပနဲ့အနုပညာမှာပြိုင်​ဘက်​ကင်းသူ..

အုပ်​ချုပ်​​ရေးမှူးက​ပြောခဲ့သည်​။မင်း​​တို့ကိုခန့်​ထားတာဘာလုပ်​ဖို့လဲ?ဒီဓားပြ​လေး​တွေကို​ရှင်းထုတ်​ပစ်​ဖို့ကိစ္စ​တောင်​​အောင်​မြင်​​အောင်​မလုပ်​နိုင်​ဘူး။နောက်​ဆုံးသတ်​မှတ်​ထားတဲ့ရက်​ကMarchလထဲမှာ​နော်​။ဒီကိစ္စကိုမ​ဖြေရှင်းနိုင်​ဘူးဆိုရင်​မင်းရာထူးက​နေဖယ်​ရှားခံရပြီးမင်းမိသားစုနဲ့အတူ​ပြန်​ပြီး​သေမိန့်​ချခံရလိမ့်​မယ်​။

သမီးက​အ​ဖေကို​ပြောခဲ့သည်​။သူမကိုဓားပြအဖွဲ့ထဲဝင်​​ရောက်​ခွင့်​​ပေးဖို့။တိုက်​ခိုက်​မှု​တွေဖြစ်​လာတယ်​ဆိုရင်​​တောင်​မှမိသားစုတစ်​စုလုံးအ​သေခံရတာထက်​ပိုသာတယ်​လို့​ပေါ့..

အမတ်​လည်းသည်းမခံနိုင်​ခဲ့ဘူး။ဒါ​ပေမယ့်​အခြား​ရွေးချယ်​စရာလည်း​မရှိတာ​ကြောင့်​​ခေါင်းညိတ်​ခဲ့ရသည်​။

သူမလည်းဓားပြအဖွဲ့ထဲကိုဝင်​​ရောက်​ခဲ့သည်​..။

ဓားပြအဖွဲ့ရဲ့​ခေါင်း​ဆောင်​ကငယ်​ရွယ်​ပြီးရဲစွမ်းသတ္တိရှိသည်​။သူသာမှန်​ကန်​တဲ့လမ်းကို​လျှောက်​လှမ်းမယ်​ဆိုရင်​သူမ သူ့ကိုဂုဏ်​ကျက်​သ​ရေနဲ့ပြည့်​စုံပြီးတင့်​တယ်​တဲ့သူလို့သရုပ်​​ဖော်​မိမှာ...

သူ သူမကို​ကောင်း​ကောင်းဆက်​ဆံခဲ့သည်​။အဲ့တာဘယ်​​​လောက်​​ကောင်းလဲဆိုတာသူမနားလည်​ခဲ့သည်​။အဲ့တာက​နေ့ရက်​​တွေကိုသူမရဲ့အခန်းထဲမှာပဲကုန်​ဆုံးပြီးအသိဉာဏ်​နည်းပါးတဲ့အားနည်းပြီးဆိုးသွမ်းတဲ့သမီးတစ်​​ယောက်​အေ​နနဲ့ဆိုရင်​​တော့ကွဲပြားခြားနားတယ်​။

သူ့အ​ပေါ်ထားတဲ့သူမရဲ့တွယ်​တာမှု​တွေကတိုးတိုးလာခဲ့သည်​။သတ်​မှတ်​ထားတဲ့စည်း​မျဉ်းကို​ကျော်​လွန်​ပြီးနှလုံးသား​တွေကယိမ်းယိုင်​လာခဲ့သည်​။ဒါ​ပေမယ့်​သူ့ရဲ့အ​ခြေအ​နေနဲ့သူမမိသားစုရဲ့အသက်​ကို​တွေးကြည့်​တဲ့အခါသူမရဲ့သတ္တိ​တွေကိုဆက်​မ​မွေးထားနိုင်​​တော့ဘူး..။

နောက်​ဆုံး​တော့သူမရဲ့နှလုံးသားကိုဖိနှိပ်​ပြီး(သူမ)သူ့အ​ကြောင်းဖွင့်​​ပြောခဲ့သည်​။

အစိုးရအရာရှိ​တွေကဓားပြ​တွေကိုဝန်းရံပြီး​​အောင်​​အောင်​မြင်​မြင်​​ချေမှုန်းနိုင်​ခဲ့သည်​။အရာရှိ​တွေရယ်​​နေချိန်​မှာသာမာန်​ပြည်​သူ​တွေက​တော့ငို​ကြွေးခဲ့ကြသည်​။

လူ​တွေကသူမကို​ပြောခဲ့သည်​။မင်းကပြစ်​ဒါဏ်​ခံသင့်​တဲ့မိန်းမပဲ။အရမ်းဆိုးသွမ်းတယ်​။ဓားပြ​တွေကကိစ္စအကြီးကြီး​တွေလုပ်​​ပေမယ့်​အကျိုးနည်းနည်းပဲခံစားတဲ့သူ​တွေ..အရာရှိ​တွေကမှလာဘ်​စားတဲ့သူ​တွေ။လူဆိုးကလူ​ကောင်းကိုသတ်​တယ်​!ဒီလူ့​လောကထဲမှာ​ကောင်းကင်​ကြီးကကြည်​လင်​​သေးရဲ့လား?(တရားမျှတမှုရှိ​သေးရဲ့လား?)..

အဲ့အချိန်​မှာ အဲ့တာကသူမအမှားဖြစ်​တယ်​ဆိုတာသိလိုက်​သည်​။

သူ​ခေါင်းဖြတ်​မခံရခင်​အချိန်​​လေးမှာသူမမျက်​ရည်​​တွေအပြည့်​နဲ့သူ့ဆီသွားခဲ့သည်​။သူမငို​ကြွေး​နေ​ပေမယ့်​သူက​တော့ရယ်​​မော​နေခဲ့သည်​။

သူ​ပြောခဲ့သည်​။ငါ့ဘဝတစ်​​လျောက်​လုံးငါသတိကြီးကြီးထားခဲ့တယ်​။စိတ်​ခံစားမှုတစ်​ခု​လေး​ကြောင့်​မင်းရဲ့အဓိကရည်​ရွယ်​ချက်​ကိုမမြင်​နိုင်​ခဲ့ဘူး။ဒီဘဝမှာမင်း​ကြောင့်​ငါ​သေရတာကအရင်​ဘဝကငါမင်းအ​ပေါ်အ​ကြွေးတင်​ခဲ့လို့ပဲ..။ဒီ​တော့ငါမ​ကျေမနပ်​မဖြစ်​ပါဘူး။ဒါ​ပေမယ့်​ မင်းငါ့ရဲ့အပြစ်​ကင်းတဲ့ညီအစ်​ကိုများစွာကိုထိခိုက်​​စေခဲ့တယ်​။အဲ့​တာ​တော့ငါမ​ကျေမနပ်​ဖြစ်​မိတယ်​။ဒီဘဝကကံကြမ္မာဆိုးပဲ။နောက်​ဘဝကျရင်​​တော့ဒီခါးသီးမှု​တွေကိုအတူတူပြန်​​ပေးဆပ်​ရ​အောင်​?

သူမ​ခေါင်းညိတ်​ခဲ့သည်​။ဒီဘဝမှာသူမ သူ့ဆီအ​ကြွေးတင်​ခဲ့တယ်​။နောက်​ဘဝကျရင်​​တော့သူမပြန်​​ပေးဆပ်​ချင်​ပါသည်​..။

သူ​ခေါင်းဖြတ်​ကွပ်​မျက်​ခံလိုက်​ရတဲ့အချိန်​မှာသူမလည်းဝမ်းနည်းမှု​ကြောင့်​​သေဆုံးသွားခဲ့သည်​...။

ခုနစ်ဘဝ(Myanmar Translation)[[Completed]]Où les histoires vivent. Découvrez maintenant