တာဝန်​ယူရမည်​ ။

3.4K 271 2
                                    

" အား !!!!!!! "

" အား !!!!!!!!!!!! "

" Wang Ziyi !!! "

" Cai XuKun !! "

မျက်​စိ​ရှေ့က ပြဲလန်​​နေ​အောင်​​အော်​​နေ​သော
အ​ကောင်​​လောက်​ စိတ်​က​ယောက်​ကယက်​ဖြစ်​မသွား
ပေမဲ့ အမှန်​တကယ်​ကြီး လန့်​တာ​တော့လန့်​သည်​ ။

" မင်း ဘာလုပ်​တာလဲ !!??
Wang Ziyi နှာဘူး​ကောင်​ မင်းတကယ်
ယုတ်​မာတာ မဟုတ်​လား !!! "

" ငါက မင်းကို ယုတ်​မာမယ်​ဆို အခုအချိန်
မင်းအဲ့လိုပြဲလန်​​နေ​အောင်​ ​အော်​နိုင်​မှာမဟုတ်​ဘူး
သိလား "

ဒေါသထွက်​ထွက်​နှင့်​ ပိတ်​​ပြောပြီးမှ တစ်​ဖက်​က
မျက်​နှာရဲရဲဖြင့်​ ငြိမ်​ကျသွား​သော XuKun ​ကြောင့်
Ziyi စိတ်​ပြန်​​လျှော့လိုက်​သည်​ ။

တကယ်​ဆို ကိုယ်​တိုင်​လည်း ဤအ​ခြေအ​နေကို
နားမလည်​ဖြစ်​​နေသည်​မို့ XuKun စွပ်​စွဲသည့်
ယုတ်​မာတယ်​ ဟူ​သောစကားက Ziyi အတွက်
အ​တော်​​လေးကို နားဝင်​ဆိုး၍ ​သွေးပူစေသည်​ ။

" မ​နေ့ညက ဘယ်​လိုဖြစ်​ပြီး ဒီအ​ခြေအ​နေ​ရောက်​ခဲ့လဲ
မမှတ်​မိတာ မင်းတစ်​​ယောက်​တည်းမဟုတ်​ဘူး
ငါ​ရောဘဲကွ .. "

" ဒါ​ပေမဲ့ ဒီပုံ​စံ​တွေအရ မင်းနဲ့ငါ ​ဟိုဟာ .. ဖြစ်​ခဲ့တာ
အမှန်​​လေ "

ခေါင်းကြီးငုံ့ အသံတိုးတိုးနှင့်​ သူ့ဘာသာ​ရေရွတ်​​နေသလား
Ziyi ကိုဘဲ အပြစ်​ဖို့ချင်​​နေသလား မသဲကွဲ​သော
XuKun ​စကားကို အပြည့်​အဝမကြားလိုက်​ရ​သော်
လည်း ဟိုဟာ ဖြစ်​ခဲ့တာ ဆိုသည့်​​နေရာကို​တော့
ရှင်းရှင်းလင်းလင်း ပြတ်​ပြတ်​သားသား ကွက်​ ကြား
ခဲ့သည်ကို​တော့ Ziyi မငြင်းချင်​ပါ ။

မနက်​နိုးနိုးချင်း နီးကပ်​စွာ ရှိ​နေသည့်​ မျက်​နှာရယ်
နှစ်​ဦးသားကိုယ်​​ပေါ်က အဝတ်​​​​ဗလာဖြစ်​​နေတာရယ်
Ziyi ၏ လည်​ဂုတ်​နှင့်​ ​ကျောပြင်​မှာ စပ်​ဖြင်းဖြင်း
ခံစားမှုရယ်​ ဒါ​တွေက ဘာမှမဖြစ်​ခဲ့ပါဘူးလို့
လျစ်​လျူ ရှုမရ ။

ဒီ​တော့ ကိုယ့်​ခန္ဓာကိုယ်၏ ဖြစ်​စဉ်​အချို့ကို စမ်းစစ်​ခံစားပြီး
အခုထိ မျက်​နှာ​မော့မလာ​သေး​သော XuKun
ကိုယ်​​ပေါ်ပါ အကြည့်​ကစားမိ​တော့ ​သွေး​ပြောင်းပြန်
စီးသွားသလား​တောင်​ထင်​ရသည်​ ။

Love Sick [ Complete ]Where stories live. Discover now