" Ziyi ရာ ထိုင်ပါတော့ "
နာရီဝက်မက ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း
သက်ပြင်းတစ်ချချနှင့် စိတ်သောကရောက်နေပုံပေါ်သော
Ziyi အား ဘယ်လိုမှ ကြည့်မရတော့သည့် ZhengTing ခမျာ သူ့ရှေ့ကဖြတ်လျှောက်ချိန်
လက်ကောက်ဝတ်ကဖမ်းဆွဲ ဘေးနားထိုင်ခိုင်းမှ
ခဏငြိမ်ကျသွားသည် ။" ဘာဖြစ်ထားတာလဲ .. XuKun ကိုလိုက်ချော့
တယ်မဟုတ်လား .. "အတန်းချိန်တွေတောင်မပြီးသေး အပြင်မှာတွေ့ရအောင်
ဟု မက်ဆေ့ပို့ချိန်းလာသည့် Ziyi ကြောင့် အခုဆို
ZhengTing ရော YanJun ရော Ziyi ၏
တိုက်ခန်းသို့ ရောက်နေကြခြင်းပင် ။" သက်ပြင်းတစ်ချချလုပ်မနေနဲ့ ဘာပြသာနာဖြစ်လာလို့
အဲ့လောက်ထိ စိတ်သောကရောက်နေတာလဲ .. "နှစ်ယောက်စလုံး ဘယ်လောက်မေးမေး Ziyi ဆီမှ
တုန့်ပြန်မှုတစ်စုံတစ်ရာမရသဖြင့် တစ်ယောက်နှင့်
တစ်ယောက် မျက်နှာရိပ်မျက်နှာကဲအချက်ပြကာ
Ziyi အတွေးပွားနိုင်အောင်အထိ အခန်းအတွင်း
တိတ်ဆိတ်သွားအောင် ငြိမ်ငြိမ်လေးထိုင်ပေးကြသည် ။" XuKun ငါ့ကို အထင်လွဲနေတယ် .. မူးမူးနဲ့ စနောက်
ပြီး ဆေးခပ်တာ ငါ့အမှားဆိုပေမဲ့ သူ့ကိုတမင်ယုတ်မာပြီး
အတင်းကြံခဲ့တာမှမဟုတ်တာကွာ ။ မင်းတို့သိမှာပါ
ငါသူ့ကို ချစ်လွန်းလို့ အခုအချိန်ထိ ချစ်တယ်ဆိုတာတောင်ထုတ်မပြောဘဲ သူငယ်ချင်းအဖြစ် သည်းခံခဲ့တာ ။XuKun ငါ့ကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာ
စိုးလို့ ။ ငါ့ရဲ့ အကျင့်ဆိုးကြောင့် XuKun စိတ်ညစ်မှာ
စိုးလို့ ထုတ်ပြောဖို့တောင် မစဉ်းစားခဲ့တာ ။ ဒါပေမဲ့
အဲ့နေ့ညက ဆေးအစွမ်းနဲ့ သူလည်း စိတ်ပါခဲ့တယ်လေ
ငါဘက်ကရော အဲ့လိုအချိန် သမာဓိကောင်းနိုင်ပါ့မလား ။မင်းတို့ တာဝန်ယူလို့ပြောတဲ့အချိန် XuKun ကိုယ်တိုင်
လည်း ဒီလိုသဘောထားတွေးပြီး ငြင်းလိမ့်မယ်ထင်လို့
ငါအရင် ထကန့်ကွက်တာမှာ သူက အသေမှတ်ထားတော့
တောင်းပန်လည်းမရ .. ငါ စိတ်ညစ်တယ်
ဒီကိစ္စ ဒီလောက်ထိရှုပ်သွားသလား "