ဖိတ်​စာ ။

1.8K 244 3
                                    

" XuKun ဒီမှာကြည့်​ "

အတန်းထဲ​ရောက်​လို့ ထိုင်​​တောင်​မထိုင်​ရ​သေး
LinKai ၏အ​လောတကြီးလက်​ထဲလာထည့်​​ပေး​သော
စာအိတ်​လိုလို ဘာလိုလို အပြာနုနုစာအိတ်​​လေးကို
ဖင်​ပြန်​​ခေါင်းပြန်​ကြည့်​ပြီးမှ ဘာမို့လို အသည်းအသန်
လာပြရသည့်​အ​ကြောင်းကို သိချင်၍ ​ထိုစာအိတ်​ငယ်​အား
ဖွင့်​လိုက်​သည်​ ။

အနီရဲရဲ​ကဒ်​​ပေါ်တွင်​ အဖြူ ​ရောင်​နှင့်​ ထွင်းထား​သော 
နာမည်​နှစ်​ခု .. အလယ်​က အ​ပေါင်းလက္ခဏာ​လေးပါ
ပါ​သေး ..

* Wang Ziyi + Cai XuKun *

ဒါ .. ဒါက .. ဘာလို့ XuKun နာမည်​နဲ့
Wang Ziyi နာမည်​ .. မဟုတ်​မှ ..

XuKun မသင်္ကာ၍ အိတ်​ကို ပြန်​ကြည့်​လိုက်
ထိုနာမည်​နှစ်​လုံးနှင့်​ အနီ​ရောင်​ ကဒ်​ကို ပြန်​ကြည့်
လိုက်​နှင့်​ ဦး​နှောက်​ကို အလုပ်​​ပေးလိုက်​​တော့
ထိပ်​လန့်​စရာ အ​ဖြေတစ်​ခုကို အတိအကျ တွက်​ချက်
ပေး​လေသည်​ ။

" ဒါ ဖိတ်​စာလား .. Wang Ziyi ဘာလုပ်
ထားပြန်​တာလဲ "

" အဲ့လိုစာအိတ်​မျိုး တစ်​တန်းလုံးရပြီး​နေပြီ XuKun ..
Ziyi ကို​ယ်​တိုင်​ လိုက်​​ပေးပြီး မင်းနဲ့သူရဲ့ အကြို
စေ့စပ်​ပွဲညပါတီတဲ့ .. ​သေချာလာခဲ့ဖို့​တောင်​ မှာသွား​သေး
တယ်​တဲ့ "

" ဘာ !!! "

မ​နေ့က ရိုင်းသည့်​အပြုအမူမှန်းသိ​ပေမဲ့ Wang Ziyi
ကို နှင်​ထုတ်​ချင်​​သောစိတ်​တစ်​ခုတည်း​ကြောင့်​ ညစာစား
ချိန်​တွင်​ အခန်းတခါးပိတ်​ အတိအလင်းပင်​ အလိုမကျ
ကြောင်း ပြလိုက်​သဖြင့်​ အံ့သြဖွယ်​​ကောင်းစွာ
Ziyi နှင့်​ အတူ သူ့သူငယ်​ချင်းနှစ်​​ယောက်​ပါ
ညစာ​တောင်​ စားမသွားကြဘဲ ပြန်​သွားကြသည်​တဲ့​လေ ။

မားမားက​တော့ XuKun ကို ရိုင်းလိုက်​တာဆိုပြီး
ဆူ​သေးသည်​ ။

XuKun ကို စိတ်​​အ​နှောက်​အယှက်​ဖြစ်​​စေရင်
တောင်းပန်​ပါတယ်​ လို့​ပြော​ပေးပါဆိုပြီး မားမား ကို
မပြန်​ခင်​မှာသွား​သေးသည်​ဟု ပြန်​သိရသဖြင့်
နည်းနည်း​တော့ အားနာမိခဲ့​သည်​ ။

Love Sick [ Complete ]Where stories live. Discover now