ဒီနေ့သည် XuKun နှင့် Ziyi တို့မျက်နှာချင်းမဆိုင်
ဘာသိဘာသာသူစိမ်းတွေလိုနေခဲ့ကြသည့် တစ်ပတ်
ပြည့်သောနေ့ ။နှစ်ကုန်စာမေးပွဲနီးလာလို့ အချိန်ပြည့်မတက်ဖြစ်သည့်
XuKun ၏ ဆင်ခြေအကြောင်းပြ အခန်းအောင်း
တာကြောင့်လည်း တွေ့ဖို့လမ်းစက ပို၍ ရှားသည်လေ ။ထိုတစ်ပတ်အတွင်း Wang Ziyi မှလွဲ ကျန်သူအကုန်
ဖုန်းဆက်မေးခြင်းကတစ်မျိုး အိမ်လာ ရှုပ်ခြင်းကတစ်ဖုံ
နှင့် XuKun အခြေအနေကို အကဲခတ်ကြသည်ကို
လည်း XuKun ရိပ်မိသည် ။သို့သော် ကာယကံရှင်မပါလာသည့် စေ့စပ်ညှိနှိုင်းခြင်း
ကတော့ XuKun ၏ မာမာထန်ထန် ငြင်းဆန်ခြင်း
အောက်တွင် မျက်နှာငယ်စွာ တပ်ဆုတ်သွားရစမြဲ ။" XuKun .. "
" အဲ့စကားပြောမယ်ဆို ထွက်သွား Cheng Cheng "
စာရေးမပြတ်ဘဲ Cheng Cheng စကားထပ်မဟ
အောင် ပိတ်ပြောပစ်လိုက်တော့ နောက်ကျောဘက်ဆီမှ
သက်ပြင်းချသံဖွဖွကို လတ်လတ်ဆတ်ဆတ် ကြားလိုက်
ရသည် ။" Ziyi ကမင်းနဲ့စကားပြောချင်လို့တဲ့ "
" ငါမှာ ပြောစရာမရှိဘူး "
" ငါ တောင်းပန်ပါတယ် XuKun .. "
ကျင်တက်သွားသည့် ရင်တွင်းတစ်နေရာတွင်
ထိုစကားနောက်ကွယ်က တစ်စုံတစ်ရာကို ခံစားမိနေ
သလို .. သိနေသလို ..ထွက်သွားသော ခြေသံတိုးတိုးကို XuKun
လှည့်မကြည့်ဖြစ် ။" XuKun ရာ .. Ziyi ကိုစိတ်ဆိုးမပြေ
သေးဘူးလား "ကျောင်းလည်းမလာ အပြင်လည်းမထွက်သည့်
XuKun ကို တွေ့ချင်လွန်းလို့ပါဟု နားပူနေသည့်
Ziyi အား Cheng Cheng ကိုယ်တိုင် အိမ်အထိ
ခေါ်လာပြီး ကူညီတာတောင် XuKun က
စာကြည့်မပျက် လှည့်တောင်မကြည့်သဖြင့်
စိတ်ပျက်လက်ပျက်နှင့်ပင် Ziyi ပြန်သွားလေသည် ။ကြားထဲက Cheng Cheng ကဘဲ မကြည့်ရက်နိုင် ။
" မင်းလည်းပြန်ကွာ .. ငါမအားဘူး "