စိတ်တွေ လေးနေသည် ။
ဒီနေ့ အတော်လေးကို နေမထိထိုင်မသာနှင့်
စိတ်လေးနေသည် ။" Cai XuKun အာရုံစိုက်စမ်း .. Master
တက်မဲ့သူက စာသင်ချိန်လေးတောင် အလေးအနက်
မထားနိုင်ဘူး "တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို
အလယ်တန်းကလေးလို စာလိုက်မကြည့်လို့ ဆူနေပုံ
အရ ဆရာသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်
စိတ်တိုနေသည့်အချိန် တစ်ယောက်တည်းဂဏာမငြိမ်
ယောက်ယက်ခက်နေသည့် XuKun ကဒေါသ
ဖြေရန် ဈေးဦးပေါက်သွားပုံပါဘဲ ။" ဟုတ်ကဲ့ ဆရာ "
သူက ဆရာ ကိုယ်က တပည့် ဟူသော ကျင့်ထုံးမူပြီး
တစ်စုံတစ်ရာ ပြန်ပြောရန်ကြံနေသည့် စိတ်ကို
ချွန်းအုပ်ကာ ဘောပင်ကိုသာ ကောက်ကိုင်လိုက်သည် ။စာမေးပွဲနားနီးလို့ အတန်းပျက်ကြသည့်အထဲ
XuKun တို့အတန်းထဲက သုံးပုံနှစ်ပုံခန့်လောက်က
ထိုအကြောင်းပြချက်ကိုမှီခိုပြီး ကျောင်းလစ်ကြလေသည် ။တစ်တန်းသားချင်း အကျင့်တွေကို ရိပ်မိနေပြီဖြစ်သဖြင့်
ထွေထွေထူးထူး ပြောစရာတော့မရှိ ။ကိုယ်က EC မို့အရာရာ လိုက်ဂရုစိုက်မည့်အထဲ
Cai XuKun မပါ ။သူတို့ထိုက်နှင့်သူတို့ကံ ကိုယ်ဖြစ်ကိုယ်ခံဟူ၍
နှလုံးမူထားသဖြင့် သိပ်အာရုံမလာတာလည်းဖြစ်လိမ့်
မည် ။သို့သော် ထိုကျောင်းလစ်သည့် ထိုသုံးနှစ်ပုံထဲတွင်
XuKun ၏ သူငယ်ချင်းတစ်အုပ်စုလုံး
ပျောက်နေသည်ကတော့ ခေါင်းထဲထည့်စရာဖြစ်သွား
ချေပြီ ။ဖုန်းဆက်လည်းမကိုင် ကျောင်းပျက်မည်ဟုလည်း
အကြောင်းမကြားဘာမကြားဘဲ XuKun ကို
ကွက်ချန်ပြီး အကုန်လုံး အလေလိုက်ကြသည်ကို
တွေးတွေးပြီး XuKun လုံးဝမကျေနပ် ။တကယ်ဆို သူတို့ကျောင်းလစ်လျှင် XuKun
ကိုပါ အသိပေးသင့်သည်လေ ။