6:)

1.7K 135 5
                                    

မနေ့ညက ZhanYixing အိမ်ပြန်မလာတာကြောင့်
Zhang အိမ်တော်မှာပွတ်လောရိုက်နေတယ် … ဒါကို
နားညီးလွန်းလို့ papa Zhang တစ်ယောက် Hotel
ကို ph ဆက်ကာ သူ့သားတော်မောင်အကြောင်းမေးရ
ပြန်သည် …  ထင်တဲ့အတိုင်း VIP Room တစ်ခုကို
သူ့ကိုယ်ပိုင်အခန်းပမာ စိတ်ကြိုက်သုံးနေသော
Zhang သခင်လေးက ဒီည Hotel မှာအိပ်ကြောင်းကို
သူ့အမေ ပြောပြတော့မှပွတ်လောရိုက်နေသော Zhang
အိမ်တော်ကြီး ငြိမ်သက်သွားပြန်တယ် …

မနက်ကလည်း မန်နေဂျာ Kim ကို ph ဆက်တော့
စက်ပိတ်ထားတယ်ဆိုသောကြောင့် papa zhang က
သူ့သားအခြေအနေကို စစ်ဆေးဖို့ HR ဌာန သွားကြည့်
ပြန်တော့လည်း … မန်နေဂျာ Kim ကနေမကောင်းလို့
အလုပ်မလာပဲ သူ့သားတော်က ဘယ်ပျောက်နေမှန်းမ
သိဘူး !!

Zhang Yixing  တစ်ယောက်ကို မွေးထားရတာ
papa zhang အတွက်တော့ တကယ့်ကို အလုပ်ရှုပ်
လွန်းလှသည် … ပြောင်းလဲမလား ? ပြောင်းလဲမလား ?
စောင့်နေသော်လည်း မွေးကတည်းက အချိုးတွေက သေ
မှပျောက်တော့မည်နဲ့ တူသည် …  ဒါတောင် သူ့အမေ
က သူ့မြေးလေးပင်ပန်းမှာစိုးလို့ ရာထူးကြီးကြီး ခန့်ထား
ပါလို့ ပြောသေးသည် … ဒီလိုပုံစံနဲ့ စောင့်နေ ရာထူး
ကြီးကြီးပေးမယ် …………

**************

"   Xing အိမ်မှာတော့ ခေါက်ဆွဲပြုတ်ပဲရှိတယ် စားမ
လား  ?   "

"   ခေါက်ဆွဲပြုတ်လား ? ကိုယ်လုပ်ပေးမယ်လေ   "

" Zhang သခင်လေး ကို ခေါက်ဆွဲပြုတ်ခိုင်းလို့
ကျွန်တော်မျိုးကြီး အပစ်သင့်နေပါဦးမယ်  ခ်ခ်  "

Myeon ရေခဲသေတ္တာထဲအပြည့်ထည့်ထားသော ခေါက်
ဆွဲပြုတ်တွေဆိုသည်မှာ မျိုးစုံနေတာပဲ… ဒီကြားထဲ ဆိုဂျူး
ပုလင်းတွေကရှိသေးသည် … တစ်ယောက်ထဲနေတာ
ကြောင့်အသင့်စား အစားအစာများဖြင့်ပြည့်နေသော
myeon ရဲ့ ရေခဲသေတ္တာဆိုသည်မှာ ကျန်းမာရေးဆိုတာ
လိုက်စားရမှန်းမသိဘူး !  တနည်းအားဖြင့် Myeon က
အရမ်းကိုအပျင်းကြီးတဲ့ လူတစ်ယောက်မှန်း မီးမောင်းထိုး
ပြနေသည် …

"   Baby ~ ဒါတွေပဲအမြဲစားနေတာလား  ?  "

"   အိမ်မှာက ငါတစ်ယောက်ထဲလေ  ဘယ်သူကထမင်း
ချက်ကျွေးမှာလဲ  "

Baby's BreathWhere stories live. Discover now