Xing မနက်လာခေါ်မယ်ဆိုတာကြောင့် 7:00 လောက်
ထဲက တိုက်အောက်မှာစောင့်နေသော Myeon ကသူ့
လက်က နာရီလေးကိုကြည့်လိုက် အခုထိမလာသေးတဲ့
Xing ကိုမျော်လိုက်ဖြင့်အဲ့နောက်မကြာဘူး … အနက်ရောင်ပြိုင်ကားလေးဟာ
သူ့ဆီရောက်လာတယ် !!နာရီဝက်လောက်အပြင်မှာ ရပ်နေရတာကြောင့် Myeon
ရဲ့ လက်ထိပ်လေးတွေဟာ အေးစက်ပြီး နီရဲနေတယ် …
ဒီနေ့မှာ အအေးပိုနေသော ရာသီဥတုကြောင့် သူတိုနှစ်
ယောက်ဟာ အနောက်တိုင်းဝတ်စုံပေါ်ကနေ နောက်
coat တစ်ထည်ထပ်ဝတ်ထားသေးသည် ……" အပြင်မှာစောင့်နေတာလား ? ကိုယ် ph ဆက်မှဆင်း
ရောပေါ့ "" ခဏလေးပါပဲ … "
Xing က Car box ထဲက သူ့အဘွားပေးလိုက်တဲ့
သိုးမွှေးလက်အိတ်လေးတစ်ထည်အား Myeon ကိုပေး
လိုက်ပြီး … car အပူပေးစက်လေးအား ဒီဂရီမြင့်လိုက်
သည် ………" လက်အိတ်လေးက Hand made နဲ့တူတယ် "
" ဟုတ်တယ် အဘွားကိုယ်တိုင် ထိုးထားတာ "
" ဒါဆို ငါယူလို့ဖြစ်ရဲ့လား ? Xing အတွက်ထိုးပေး
ထားတာလေ "Xing ကအရမ်းစကားများလွန်းသော Myeon ကိုင်
ထားတဲ့ လက်အိတ်လေးကိုယူလိုက်ပြီး . ကိုယ်တိုင်ဝတ်
လေးလိုက်တယ် …" ဖြစ်တာပေါ့ … Baby ကကိုယ်ပဲလေ "
" ခ်ခ် ~ "
အပြာနဲ့အနက်ရောထားသော လက်အိတ်လေးဟာ အခု
ခေတ်ပုံစံမဟုတ်သော်လည်း … သပ်ရပ်ကာ အရမ်းကို
လှပြီး နွေးထွေးသည် … myeon က သူ့လက်မှာဝတ်
ထားတဲ့ လက်အိတ်လေးကိုကြည့်ကာ တပြုံးပြုံးဖြစ်နေ
တယ် …" အဲ့လောက်တောင် သဘောကျလား ? "
" အင်း ~ "
ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် ပြုံးနေသော Myeon ပုံစံလေး
က မနက်ခင်းနေရောင်ခြည်အောက်မှာ အလှပဆုံးပွင့်နေ
တဲ့ ပန်းနေတဲ့တစ်ပွင့်လိုပဲ … Xing ဟာ ကြည့်နေရင်း
နဲ့ သူ့ဘေးမှာထိုင်နေတဲ့ Myeon ကို ခါးကနေ ဆွဲယူ
လိုက်ပြီး ဘယ်ဘက်ပါးလေးကိုနစ်ဝင်သွားတဲ့အထိ နမ်း
လိုက်သည် …

YOU ARE READING
Baby's Breath
RomansaXingHo ( Yaoi ) #Faတွေမဖတ်ရ 5555!!! ကျွန်မ Second Bais လေး HO ရဲ့ Fic သီးသန့်ရေးရမှာမို့ အရမ်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ် ဟဲဟဲ ... Ho ဆိုတဲ့လူသားဟာ ကျွန်မအတွက်တော့ လှလွန်းလို့ မှန်ဘောင်လေးထဲ ထည့်ပြီး သိမ်းထားချင်တဲ့ လူတစ်ယောက်ပါ ... ဘယ်သူမှလည်း မေ...