သေချင်တိုင်းသေမရဘူးဆိုတဲ့စကား
တယ်မှန်တာပဲနော်...။
သူကျတော့်ကိုမသတ်ခဲ့ဘူး ။
အကြောင်းအရင်းကိုလဲကျတော်မသိချင်ဘူး။ဲ့ကံတရားအကြောင်းပါခဲ့ရင်တော့
ထိုအေးစက်စက်အကြည့်ပိုင်ရှင
်အမည်မသိလူသားနဲ့ပြန်တွေ့ချင်မိပါရဲ့။####
Kim Taehyung...။
နာမည်လေးကအစလှတယ်ကလေး....။
Joon Hyungကိုထိုကောင်လေးရဲ့
အကြောင်းတွေအလိုလိုစုံစမ်းခိုင်းမိပြီး
ဖြစ်နေပြီမို့ဖတ်ကြည့်ရန်သာကျန်တော့သည်။အသက်က17နှစ်...။
အခင်ဆုံးသူငယ်တွေက
Park Jimin နဲ့ Min Yoongiဆိုတဲ့
ကောင်လေးနှစ်ယောက်...၊၊
မိခင်ဖြစ်သူက သူ12နှစ်သား
အရွယ်မှာပင်ဆုံးပါးသွားပြီး
ဖခင်ကားယခုလက်ရှိ
နောက်အိမ်ထောင်ပြုထားကာ
သူ့ကိုထားခဲ့ဟန်။
အဖွားနှင့်နေ၍အဖွားကိုလဲ
တော်တော်ချစ်ပုံရသည်..။
မင်းရဲ့ဘဝဟာလဲမလှခဲ့ပါလားကလေးရယ်....။သူ့အကြောင်းစုံကိုဖတ်နေရင်းနှင့်
ကျတော့်ရဲ့မျက်စိအာရုံကိုဖမ်းစားစေနိုင်သောအရာတခုကဖျက်ခနဲ....။
ဘာအကြောင်းအရင်းကြောင့်သူ့ရဲ့
ကျောင်းသားID Cardနေရာ၏ဖခင်အမည်တွင်
ကွယ်လွန်ဟူသောစကားလုံးကို
သုံးထားပါလိမ့်??ကျတော်စူးစိုက်ကြည့်နေမိသည်ကို
သတိထားမိသောJoon hyungက
ဝင်ပြောသည်..။" ID Cardအတွက်မိဘမှတ်ပုံတင်တောင်းတော့ကောင်လေးရဲ့အဖေက...သူ့ကိုခါးခါးသီးသီးနဲ့သူ့သားမဟုတ်တဲ့အတိုင်းငြင်းခဲ့တယ်တဲ့ Jeon "
ကျတော်ခဏတာ
အတွေးစခန်းဝင်မိခဲ့သည်မှာ...
ထိုကောင်လေးဟာလဲကျတော့်ဘဝနှင
့်ထူးမခြားနားဆိုခြင်းပင်။###
ညဘက်ရောက်တော့ထုံးစံအတိုင်း
ကလေကချေများစုဝေးရာ ဂုန်းတံတား
အောက်တွင်ဆေးရောင်စုံဘူးများဖြင့်
ခြယ်သကြရန် ကျတော်ရောက်နေခဲ့ပြီ..။
ကျတော်ဒီနေရာမှာပျော်တယ်။
ကျတော်ရဲ့ခံစားချက်တွေကို ခဏပဲဖြစ်ဖြစ်
မေ့ထားလို့ရတယ်မလား..။ဒီနေရာဟာ ကလေကချေမှ
တကယ့်ကလေကချေနေရာဗျ ။
ဂစ်တာတီးသူကတီး...
သီချင်းအော်ဆိုသူကဆို...
ဆေးလိပ်သောက်သူကသောက်...
မျက်နှာပြုတ်ထွက်မတတ်
နမ်းနေတဲ့သူတွေကနမ်း...
ဆေးခြောက်လေးရှူ ပြီးမှိန်းတဲ့လူကမှိန်းနဲ့...
တော်တော်ရွံဖို့ကောင်းသောနေရာ...။
YOU ARE READING
Reflection // °KV•
Fanfictionတန်ပြန်သက်ရောက်မှုတိုင်းကိုမျက်စိစုံမှိတ်ခံလာခဲ့ရတဲ့ကျတော် ဒီတခါတော့လွတ်မြောက်ချင်မိတယ် Jeon....။ မမေ့နဲ့ Tae...ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတဲ့ တစ်ချိန်ကြရင် ကြံ့ကြံ့ခံနိုင်ဖို့ အသင့်အနေအထားရှိပါစေ....။ ဤFicထဲမှာပါဝင်တဲ့Family Caseတချို့သည် စာရေးသူ၏က...