Epidode.9

2.8K 298 15
                                    

"ဟာ...Tae မတွေ့တာတောင်ကြာပြီ..
ဒီကို ဘာလာလုပ်တာလဲ..."

"Hobi hyungကလဲ...ကျတော်က Hyung
ကိုသတိရလို့ လာတာကို..."

"ရော်...သတိရလဲ တခြားနေရာချိန်းပေါ့ကွာ"

"ငါ့မှာ မင်းဆေးရုံရောက်လာတော့ လန့်ဖြန့်
သွားတာပဲ..."

"Hyung ကလဲ..ဆရာဝန်ဖြစ်ပြီး အဲ့လောက်
လန့်တတ်ရလားဗျာ..."

"ငါ့မှာ မင်းကျန်းမာရေးကို စိတ်ပူလို့ပါကွာ
မင်းကိုဟိုတခါ အမောဖောက်ပြီးတည်းက
အထိခိုက်မခံနိုင်တော့ဘူး Tae..."

"အင်းပါ Hyung ရယ်...ကျတော် သက်သာနေ
ပါပြီ..."

ရုတ်တရက် အခန်းထဲဝင်လာသော Nurse
မလေး တယောက်...။

"ဆရာ...Yujinn လေး အမောဖောက်နေပြီ..
အရေးပေါ် Oxygen ပေးဖို့အသင့်ပြင်ထား
ပြီးပါပြီ ဆရာ.."

"Tae...Hyungတို့နောက်မှပဲ အေးအေးဆေး
ဆေး ပြောကြရအောင်..."

ဂျူ တီကုတ်ကိုဆွဲကာ အခန်းထဲက သုတ်ချေတင်
သွားသော Hobi hyung...။

Hyung ကပျော်ပျော်နေတတ်ပေမဲ့
အလုပ်အပေါ် သိပ်ကိုအရေးထားသည်..။

မွေးရာပါနှလုံးအားနည်းသော ကျတော့်ကို
Hyungကညီအစ်ကိုအရင်းသဖွယ် ချစ်ပြီး
အထိခိုက်လုံးဝမခံ...။ ဒါကြောင့်လဲ ကျတော့်ရောဂါက ပျောက်လုနီးပါးကို သက်သာလာတာ
ဖြစ်သည် ။

ခဏအကြာတွင် အခန်းထဲကို ပြန်ရောက်လာ
သောHobi Hyung...။မျက်နှာလဲမကောင်းပေ။

"Hyung...အဆင်ပြေရဲ့လား...
ဟိုကလေးရော..ဘာဖြစ်သွားသေးလဲ.."

"အသက် အန္တရာယ်တော့ မရှိတော့ပါဘူးTae
ဒါပေမဲ့ ကလေးက ငယ်သေးတော့ ဦးနှောက်
မှာ အမြင်အာရုံကြောကို Shock ရိုက်ရင်းအထိ
ခံရတော့ အမြင်အာရုံ ပျောက်ကွယ်သွားရပြီ "

Hyung ပြောသောစကားကြောင့် စိတ်ထဲတော့
မကောင်းမိပေ..။ Yujinn ဆိုတဲ့ကောင်မလေး
ကို ကျတော်လဲသိပါသည်..။ သူလဲ ကျတော့်ရောဂါနည်းတူပင်..။ သို့သော် သူက အသက်ပိုငယ်ပြီး ရောဂါဒဏ်ကလဲ ပိုမိုပြင်းထန်လှသည်..။

ဖြစ်နိုင်ရင် ကျတော့်မျက်ကြည်လွှာသာ ပေးပစ်
လိုက်ချင်မိသည်..။

Reflection // °KV•Where stories live. Discover now