မှောင်မဲနေတဲ့ဒီလမ်းမကြီးပေါ်ကျတော်ရောက်လာပြန်ပြီ....။
ဟူး....တော်တော်ကြိုးစားလိုက်ရပါလား။ကျတော်အောင်မြင်သွားခဲ့ပြီ ။
ဖန်ပြတင်းကဖြာကျလာတဲ့နေခြည်နုနုကို
ကျတော်ပြန်မြင်ရပြီ ။ဒီအိမ်မက်...ဒီလမ်းမ...ဒီနေရာ...။
ကျတော်အမြဲတမ်းမက်နေကျထိုအိပ်မက်အား
အတိတ်လားနိမိတ်လားကျတော်မခွဲခြားချင်။
အချိန်တန်ရင်နိုးထလာမှာပဲလို့ကျတော်ယုံပြီးသားပဲ...။ပါးပြင်ပေါ်ကကပ်စေးစေးအရာတချို့ ကျစ်။
ကျတော်မနေ့ညကငိုခဲ့ပြန်ပြီလား...။
ထွက်သွားပါတော့ခင်ဗျားရယ်...။
ကျတော့်နှလုံးသား...
ကျတော့်ဘဝ...
ကျတော့်စိတ်ဝိဥာဉ်ထဲကထွက်သွားပါတော့...။အတွေးတိုက်အိမ်ထဲလွင့်မျောနေစဥ
်ရုတ်တရက်ပွင့်လာသောတံခါးကြောင့်
မော့ကြည့်မိတော့...ဖွားဖွား။
ကျတော့်ဘဝရဲ့တဦးတည်းသောအချစ်ရဆုံးလူသားဆိုလဲမမှားပေ ။ဖွားဖွားကြောင့်သာမဟုတ်ရင်
Kim Taehyungဆိုတဲ့ကျတော်ဒီလူ့ဘဝကြီးကိုစွန့်ခွာခဲ့တာကြာရောပေါ့ ။
ဒါပေမဲ့ကျတော်မလုပ်နိုင်ဘူး...
ဟင့်အင်း..မလုပ်ရက်တာဆိုပိုမှန်မယ် ။ကျတော့်ရဲ့လိုအပ်နေတဲ့
ကွက်လပ်တွေမှန်သမျှကို
တတ်နိုင်သမျှဖြည့်ဆည်းပေးနေတဲ့
တဦးတည်းသောလူသားကို
ကျတော်မထားရက်နိုင်ဘူး...ဒါပေမဲ့...ဲ့သူကတော့ကျတော့်ကိုထားခဲ့နိုင်တယ်...။
သူကတော့ကျတော့်ကိုမေ့ခဲ့နိုင်တယ်...။
သူကတော့ကျတော့်ကိုနာကျင်စေခဲ့တယ်...။"Taeလေးရေ...ထတော့မြေးရဲ့အောက်ထပ်မှာသားသူငယ်ချင်းJiminတို့တောင်ရောက်နေပြီ
အဖွားမနက်စာပြင်ထားပြီးပြီ..Jiminလေးတို့နဲ့တူတူစားရအောင်..မြန်မြန်ပြင်ဆင်ပြီဆင်းခဲ့တော့..."ဖွားဖွားစကားကြောင့်ကျတော့်အတွေးတွေလက်စသတ်ပြီးကျောင်းသွားဖို့ပြင်ဆင်ရတော့တယ် ။"ကြာလိုက်တာငထယ်ရာ..ငါဖြင့်ဗိုက်ဆာလို့သေတော့မယ်" နှုတ်ခမ်းတလန်ပန်းတလန်နဲ့ကျတော့်ရဲ့ချစ်ရပါသောပုလုံးကောင်Jiminကဆိုလာသောစကား ။
"နားငြီးတယ်ဝက်ပု..မင်းငါ့အိမ်လာပြီးအသံဆိုးနဲ့နှိုးလို့ငါ့မှာအိပ်ရေးပျက်ခံပြီးလိုက်လာရတာ.."
Yoongi hyungကတော့မပွင့်တဲ့မျက်လုံးကိုမှိတ်ပြီးဝက်ပုနဲ့ရန်စဖြစ်တော့တာပဲ ။
VOCÊ ESTÁ LENDO
Reflection // °KV•
Fanficတန်ပြန်သက်ရောက်မှုတိုင်းကိုမျက်စိစုံမှိတ်ခံလာခဲ့ရတဲ့ကျတော် ဒီတခါတော့လွတ်မြောက်ချင်မိတယ် Jeon....။ မမေ့နဲ့ Tae...ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတဲ့ တစ်ချိန်ကြရင် ကြံ့ကြံ့ခံနိုင်ဖို့ အသင့်အနေအထားရှိပါစေ....။ ဤFicထဲမှာပါဝင်တဲ့Family Caseတချို့သည် စာရေးသူ၏က...