Episode.7

2.9K 327 2
                                    

"ဘာလို့ ဒီအချိန်ထိ မအိပ်သေးတာလဲ
Taehyung??
မင်းကိုငါ စောင့်မနေဖို့ ပြောခဲ့တယ်လေ..."

"ဘယ်တုန်းကတည်းကလဲ!!!
ဘယ်အချိန်ကတည်းက ဒါတွေကို
ခင်ဗျားသိနေ ခဲ့တာလဲ Jungkook!!
ပျော်ရဲ့လား????
ဖအေကိုခြူစားခဲ့တဲ့
ပိုင်းလုံးမကြီးရဲ့သားကိုမှ
ချစ်နေမိတဲ့ ကျတော့်ကို အရုပ်တရုပ်လို
ပိုင်ဆိုင်ထားရတာ ပျော်ရဲ့လား Jungkook...."

မပြောပါနဲ့တော့ ကလေးရယ်..။
ကိုယ်မကြားပါရစေနဲ့တော့...။
ကလေးရဲ့ စကားတွေဟာ
ကိုယ့်နှလုံးသားကို
အဆိပ်လူးမြှားနဲ့ ပစ်ခွင်းခံရသလိုကို
တနုတ်နုတ်နဲ့ နာကျင်ရလို့ပါ ကလေးရယ်...။

"ကိုယ် မင်းကို တောင်းပန်ဖို့တောင် မတန်ပါဘူး
ကလေးမင်းကိုယ့်ကိုသတ်မယ်ဆိုရင်တောင်"

"ထွီ....ခင်ဗျား ပါးစပ်ကနေ ကျုပ်ကိုကလေးလို့
မခေါ်စမ်းပါနဲ့ဗျာ...ခင်ဗျားနဲ့ခင်ဗျားရဲ့ ပိုင်းလုံးမ
အမေတို့ကြောင့် ကျတော်နဲ့ကျတော့်မိဘတွေ
သေကွဲရော ရှင်ကွဲရော ရစရာမရှိအောင်
ကွဲခဲ့ရတာ ခင်ဗျားနားလည်လား..."

"ခင်ဗျားအမေကြောင့် ကျတော့်အမေ
နှလုံးရောဂါရပြီး သေခဲ့တယ်....
ခင်ဗျားတို့နှစ်ယောက်ပေါင်းကြံမှုကြောင့်
ခုလဲကျတော့်အဖေ ဆေးစွဲပြီးသေရတော့မယ်"

"ခင်...ခင်ဗျား....ကျတော့်ကိုရော ဘယ်လို
သေစေဦးမလို့လဲ...Jungkook...."

မရတော့ဘူး....။
ကျတော်ဘယ်လိုမှခံနိုင်ရည်မရှိတော့ဘူး...။
မျက်ရည်တွေ တာကျိုးသလို ဒလဟောကျနေရင်းနဲ့ သူ့ကိုပေါက်ကွဲမိတယ်...။
အဲ့ဒါ ကျတော်သူ့ကိုမုန်းလို့မဟုတ်ဘူး...။
သူ့ကိုမုန်းမရတဲ့ ကျတော့်ကိုကျတော် မုန်းလို့...။

"ကိုယ့်အနားက ထွက်မသွားပါနဲ့ကလေးရယ်..
ကိုယ်မင်းမရှိမှာကို သေလောက်အောင်ကြောက်လို့ပါ...ကိုယ့်ကိုထားမသွားပါနဲ့...ကိုယ်မင်း
ကျေနပ်တဲ့အထိ....."

"ကျတော် ခင်ဗျားနားကနေ ထွက်မသွားပါဘူး
Jungkook...ခင်ဗျားဘေးမှာ ငြိတွယ်နေပြီး
တော့ကို ခင်ဗျားရဲ့ပျော်ရွှင်မှုတွေအကုန်လုံး
တစစီရိုက်ချိုးပြမှာမို့လို့ပါ...."

Reflection // °KV•Kde žijí příběhy. Začni objevovat