Beyond the Hate 3

2.8K 253 40
                                    

Zawgyi

"Chanyeol"

"​ပြော​လေ hyung"

"မင်းကို ဟိုတစ်​ခါ​ပြောထားတဲ့ကိစ္စ​လေ"

"Hyung နိုင်​ငံခြားသွားမယ်​ဆိုတဲ့ကိစ္စလား"

"အင်း...ဟုတ်​တယ်​ ဒီတစ်​ပတ်​ထဲသွားရ​တော့မယ်​"

Chanyeol စိတ်​မ​ကောင်းဖြစ်​မိသွားတယ်
Sunghoon hyung က သူ့အ​ပေါ်တစ်​ကယ်
ကောင်းတဲ့သူ သူဘယ်​လိုပဲရစ်​ရစ်​ အမြဲသည်းခံ​ပေးတဲ့
သူ manager ဆိုတာထက်​ ညီအစ်​ကို​တွေလို ​နေခဲ့ကြတာ

"သွားပါ ရပါတယ်​ hyung ရဲ့ ဒါဆို manager
အသစ်​လာမှာ​ပေါ့ ​နော်​ "

Sunghoon တစ်​​ယောက်​မျက်​နှာမ​ကောင်းဘူး
သူသိ​နေတယ်​​လေ chanyeol ကအပြင်​ပိုင်းမှာသာ
ချေမိုး​နေတာ သူတကယ်​ခင်​သွားပြီ ချစ်​သွားပြီဆိုရင်
အရမ်းခင်​တွယ်​တတ်​တာ *sorry ပါ chanyeol ရယ်​*

" မင်းအခု manager အသစ်​နဲ့အဆင်​​ပြေမှာပါကွ...
China ကလာမှာ သူ့နာမည်​က Zhang Yixing"

"ဟုတ်​ hyung ...ကျွန်​​တော်​​တော့ hyung ကို
လွမ်း​နေ​တော့မှာပဲ "

"ငါ​ရောပဲ မင်းလိမ်​လိမ်​မာမာ​နေ​နော်​ အရမ်းကြီးလည်း
Yixing ကိုရစ်​မ​နေနဲ့ ​တော်​ကြာ စိတ်​ရှုပ်​ပြီး ပြန်​​ပြေး
သွားဦးမယ်​ ဟားဟားဟား"

"ဟာ hyung က​တော့လုပ်​ပြီ"

နှစ်​​ယောက်​သား​တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ရင်းရယ်​​မောမိကြတယ်

"Hyung ဒါဆို ဒီည ဆိုဂျူ​လေး​သောက်​ရ​အောင်​"





"Hyung......"

"Kyungsoo ဘာဖြစ်​လို့လဲ"

"Hyung သိလား ..."

"​အေး ဘာဖြစ်​လို့လဲဆို"

Kyungsoo တစ်​​ယောက်​ နှုတ်​ခမ်းကြီးဆူပြီး suho
ကိုရစ်​​နေတာ​လေ

"ကျွန်​​တော့်​မှာ အင်္ကျီ​တွေကအမည်း​တွေကြီးပဲ ဟင့်​"

ဟောကြည့်​ သူပဲအမည်းကိုကြိုက်​လှပါချည်​ရဲ့ဆိုပြီး
အကုန်​လုံးအမည်း​တွေပဲဝယ်​ထားတာ အခုဘာစိတ်​ကူး​တွေ​ပေါက်​ပြီး မကြိုက်​ပြန်​လဲမသိဘူး

Beyond the HateDonde viven las historias. Descúbrelo ahora