Zawgyi
"Chanyeol"
"ပြောလေ အချစ်ကလေး"
"အင့်"
အတင်းထိုးပေးလာသောအထုပ်လေး
"ဒါဘာလဲ"
သူမေးတော့ မျက်နှာလေးရဲတက်လာကာ
"ဖွင့်ကြည့်ပါလား ဟွန့်"
"Aigoo စိတ်ကောက်သွားတာလား"
စိတ်ကောက်သွားသောပင်ကွင်းလေးကိုရင်ခွင်ထဲထည့်ကာအထုပ်လေးကိုဖြည်လိုက်တော့ ဆွယ်တာ ပိတောက်
ခြောက်ရောင်လေးနှစ်ထည်"ဆင်တူ...ဆင်တူဝတ်ရအောင်လို့ ဒီညပါတီမှာ"
ရင်ဘတ်နားကိုခေါင်းလေးမှီရင်းပြောလာသောကောင်
လေး စကားပြောသောကြောင့်လှုပ်သွားသောနှုတ်ခမ်း
လေးကရင်ဘတ်ကိုလာထိနေသည်"ဝတ်တာတော့ဝတ်မှာပါ...ဘာလို့ရင်ဘတ်ကိုလာနမ်း
တာလဲ ""ဘာဖြစ်လဲဟာ...နမ်းတော့"
Chanyeol ရယ်ရင်း kyungsoo ကိုပိုမိုတင်းကျပ်
အောင်ဖတ်ကာ ခေါင်းလေးကိုနမ်းလိုက်သည်"ဟာ..အချစ်ကလေးခေါင်းကနံလိုက်တာကွာ"
ထိုသို့လည်းပြောလိုက်ရော ချက်ချင်းသူ့ရင်ခွင်ထဲကထွက်
ကာ သူနဲ့ခပ်လှမ်းလှမ်းမှာသွားထိုင်သည်"ဘာလို့လဲ အချစ်ကလေးရဲ့"
ထိုအခါ ကောင်လေးကမျက်စောင်းတစ်ချက်ထိုးကာ
"နံတယ်ဆို ဒါကြောင့်ဝေးဝေးမှာနေပေးတာ"
"ဟားဟားဟား...ကိုယ်တော့ kyungsoo ကိုချစ်
လွန်းလို့သေရပါတော့မယ်ဗျာ...လာဒီကိုပြန်ပြီး"ဆူပုတ်ပုတ်လေးနဲ့ရောက်လာသောကောင်လေးကို
ပွေ့ဖက်ထားလိုက်သည် အင်း...ကောက်ညှင်းထုပ်ကြီး
ကိုပွေ့ဖက်ထားရသလိုပဲ..."Moonbin အဖြေပြန်ပေးသင့်နေပါပြီနော်"
"..."
YOU ARE READING
Beyond the Hate
Fanfiction( အမုန်းလွန်သော် ) ဘယ်သူကသိမှာလဲ မုန်းနေတဲ့ ကြည့်မရတဲ့ အမြင်ကပ်တဲ့ ကောင်လေးတစ်ယောက်ကို သိပ်ချစ်မိသွားမယ်ဆိုတာ ( အမုန်းလွန်သော် ) ဘယ်သူကသိမှာလဲ မုန်းနေတဲ့ ကြည့်မရတဲ့ အမြင်ကပ်တဲ့ ကောင်လေးတစ်ယောက်ကို သိပ်ချစ်မိသွားမယ်...