Beyond the Hate Final Part 1

2.1K 183 48
                                    


Zawgyi

OST song for this part
Wanna one - beautiful part 2

"အန်​တီ ကျွန်​​တော့်​ကို​တွေ့ချင်​တယ်​ဆိုလို့"

"ဟုတ်​တယ်​ထိုင်​ပါဦး"

Chanyeol အ​မေသည်​ chanyeol လိုပဲပါးချိုင့်​နှင့်
အသက်​​လေးဆယ်​​ကျော်​သာ​ပြောသာ အ​တော်​ကိုနုသည်

"အန်​တီ​ပြောမယ့်​အ​ကြောင်းကဘာလဲဆိုတာမင်းသိမှာပါ
ဒီ​တော့ အန်​တီလိုရင်းပဲ​ပြောချင်​တယ်​ မင်း chanyeol
နဲ့​ဝေးရာကိုထွက်​သွား​ပေးပါ"

မ​မျှော်​လင့်​ထား​သောစကား​ကြောင့်​ kyungsoo အံ့သြ
သွားရသည်​ လမ်းခွဲခိုင်းတာ​လောက်​ပဲလုပ်​ခို်​င်းမယ်​လို့
ထင်​ထားခဲ့​ပေမယ့်​ အခုသူ့ကို chanyeol ရဲ့အ​ဝေးကိုပါ
ပို့​နေသည်​ *ကျွန်​​တော်​ဘယ်​လိုလုပ်​ရမလဲဟင်​*

"ကျွန်​​တော်​ထွက်​မသွား​ပေးနိုင်​ဘူးဆိုရင်​​ရော"

"အဟက်​...မင်းကသတ္တိ​တော့​ကောင်းသားပဲ"

Chanyeol အ​မေလို့သာ​ပြောတာ မျက်​နှာတွင်​ဂုဏ်​ပကာသန​တွေနဲ့ပြည့်​နှက်​​နေသည်

"မင်းအဲ့လိုဆုံးဖြတ်​ရင်​​တော့ မင်းရဲ့ chanyeol ပဲထိ
ခိုက်​ရမှာ"

"အန်​တီဘာကိုဆိုလိုတာလဲ"

Chanyeol ကို​တော့အထိခိုက်​မခံနိုင်​ပါ chanyeol
အတွက်​ဆိုသူဘာပဲလုပ်​ရလုပ်​ရလုပ်​မှာ...

Chanyeol အ​မေကမဲ့ပြုံးပြုံးရင်း

"မင်းသာ chanyeol ရဲ့အ​ဝေးကိုထွက်​မသွားဘူးဆို
Chanyeol ကို အခုအလုပ်​ကိုငါကစွန့်​လွှတ်​ခိုင်းမှာမို့
လို့ပဲ"

"အန်​တီ!!!!!"

သူ​အော်​လိုက်​​တော့ chanyeol အ​မေကအသက်​မပါ
သလိုရယ်​သည်

"ငါမလုပ်​ရဲဘူးလို့​တော့မထင်​နဲ့​နော်​"

Kyungsoo chanyeol ​ပြောခဲ့ဖူးတဲ့စကား​တွေကို
ပြန်​လည်​ကြား​ယောင်​လာသည်

*ကိုယ်​က​လေ မင်းသားလုပ်​ရတာကိုအရမ်းဝါသနာပါတာ
ကိုယ့်​ရဲ့ရည်​မှန်းချက်​ဆိုလည်းမမှားဘူး*

Beyond the HateTempat cerita menjadi hidup. Temukan sekarang