Zawgyi
"ကိုယ်နဲ့တွဲနိုင်မလား"
မျက်လုံးအားစိုက်ကြည့်ရင်းပြောလာသော chanyeol
"ဗျာ...P...P"
သူ့စကားတစ်ခွန်းကြောင့် အံ့သြလွန်းလို့ kyungsoo
စကားတွေပါထစ်လာရသည်"ကျစ်...ကိုယ်နဲ့တွဲနိုင်မလားလို့ မင်းကိုမေးနေတာ"
ထပ်မေးသောမေးခွန်းတွင် စိတ်မရှည်သောအသံများ
ပါဝင်နေသည်"P...ကျွန်တော့်မှာ ချစ်သူရှိပါတယ်"
"အဟက်...ကိုယ်ကမင်းကို ချစ်သူရှိလားလို့မေးတာမှ
မဟုတ်တာ...ကိုယ်နဲ့တွဲနိုင်မလားလို့မေးနေတာ"ပြုံးလိုက်တယ်...သူပြုံးလိုက်တယ်...မဲ့ပြုံးလေးနဲ့တောင်
ကိုယ့်ကိုဆွဲဆောင်နိုင်သောသူပါပဲ"ကဒ်...kyungsoo shi ဆက်ပြောလေ ဘာတွေ
တွေးနေတာလဲ"Kyungsoo တစ်ယောက် ဘယ်လောက်တောင် chanyeol ရဲ့အပြုံးကိုငေးနေလိုက်သလဲမသိ Director ကြီးလှမ်းအော်လိုက်မှ ယခု ပစ္စုန်ပ္ပန် ထဲပြန်လည်ရောက်ရှိလာသည်
"တောင်းပန်ပါတယ်...တောင်းပန်ပါတယ်"
*အော် kyungsoo ရယ်စိတ်ထိန်းပါဦးဟ*
Kyungsoo တစ်ယောက်ကိုယ့်ကိုကိုယ်သတိပေးရင်း
"ဟို...ပြန်...ပြန်ရိုက်လို့ရပါပြီ"
"Ok...ဒါဆိုပြန်စရိုက်ရအောင်"
"အဟက်...ကိုယ်ကမင်းကိုချစ်သူရှိလားလို့မေးနေတာမှ
မဟုတ်တာ...ကိုယ်နဲ့တွဲနိုင်မလားလို့ မေးနေတာ"မဲ့ပြုံးတစ်ခုချိတ်ဆွဲရင်းပြောလာသောchanyeol
"P...ကကျွန်တော်ပြောတာကိုသဘောမပေါက်ဘူးထင်
တယ် ...ကျွန်တော်ကလည်း ကျွန်တော့မှာ ချစ်သူရှိတဲ့
အတွက် P နဲ့မတွဲနိုင်ဘူးလို့ပြောနေတာပါ"ရည်းစားရှိတယ်လို့ပြောနေတာတောင် ရူးချင်ယောင်
ဆောင်နေသော chanyeol အားစိတ်ပျက်စွာကြည့်
ရင်းပြောချလိုက်သည်
YOU ARE READING
Beyond the Hate
Fanfiction( အမုန်းလွန်သော် ) ဘယ်သူကသိမှာလဲ မုန်းနေတဲ့ ကြည့်မရတဲ့ အမြင်ကပ်တဲ့ ကောင်လေးတစ်ယောက်ကို သိပ်ချစ်မိသွားမယ်ဆိုတာ ( အမုန်းလွန်သော် ) ဘယ်သူကသိမှာလဲ မုန်းနေတဲ့ ကြည့်မရတဲ့ အမြင်ကပ်တဲ့ ကောင်လေးတစ်ယောက်ကို သိပ်ချစ်မိသွားမယ်...