"ကိုကို့ အသက်ကလေး "
"ဗျာ ခ်ခ်"
"အားးးညီရာဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ"
"ကိုကို့ ညီ ဖြစ်နေလို့ ခ်ခ် "
"ဟုတ်ပါပြီဗျာ "
လပြည့်ညဖြစ်သည့်အားလျော်စွာထိန်ထိန်သာနေတဲ့လမင်းကြီးရဲ့ဖြာကျနေတဲ့အလင်းရောင်အောက်တွင် မြင်ရသူတိုင်း လမင်းကြီးနဲ့အပြိုင်အေးချမ်းသွားစေမယ့် မြင်ကွင်းလေး~~~
"yifanသားတို့၂ယောက်ဝင်ခဲ့တော့လေ ညလေကအေးလာပြီ channieလေးဖျားနေမယ်"
အိမ်အပေါက်ကနေ ကျန်တော်တို့၂ယောက်ထိုင်နေတဲ့ပန်းခြံလေးဘက်ကိုလှမ်းအော်နေတဲ့မေမေ"ညီ ထ အိမ်ထဲဝင်ရအောင်မေမေ ခေါ်နေပြီ "
ပေါင်ပေါ်လှဲအိပ်နေသောညီကို အသာလေး ပါး ဖောင်းဖောင်းလေးကိုပုတ်လိုက်တော့"omm ညီလဲအိပ်ချင်နေပြီ ကိုကို ချီ"
ချီဆိုပြီး လက်လေး၂ဖက်ကိုရှေ့ကိုဆန့်တန်းပြီး မျက်လုံးပေါက်မဖွင့်နိုင်တော့တဲ့ကျန်တော်ရဲ့အသက်ကလေး စွေ့ကနဲကောက်ချီလိုက်တော့ အလိုက်သင့်လေးလည်ပင်းကိုပြန်လည်ဖတ်တွယ်လာတဲ့လက်ဖောင်းဖောင်းလေးတွေ ခြံထဲတွင်ပန်းခြံလေးတစ်ဖွယ်လုပ်ထားတဲ့စီကနေ အသက်ကလေးကို အသာအယာချီလာပြီး အိမ်ထဲဝင်လာတော့
"channieလေးအိပ်ပျော်လာပြန်ပြီလား"
"omm မေမေ ကျန်တော် ညီကိုအခန်းထဲသွားသိပ်လိုက်အုံးမယ်"
မေမေကို တစ်ချက်ပြောရင်း ကျန်တော်အခန်းဘေး ညီအခန်းရှိရာ စီကိုရောက်လာတော့ အခန်းတံခါးလေးကိုဖွင့်လိုက်တာနဲ့ နှာဖျားဝကိုလာရောက်ကျီဆယ်လာတဲ့ ညီ့အကြိုက် စံပယ်ပန်း အနံ့လေး အခန်းထဲဝင်လာပြီး အရုပ်တွေနဲ့ပြည့်နေတဲ့အိပ်ယာပေါ်ကိုညီအားဖြေးဖြေးချင်းချပေးလိုက်ရင်း
"good night ညီ sweet dreamအသက်ကလေး"
ပြောပြီးအိပ်မောကျနေတဲ့ညီရဲ့နဖူးလေးကိုတစ်ချက်နမ်းလိုက်ရင်း ခြေရင်းကစောင်လေးကိုရင်ဖက်အထိ ဆွဲခြုံပေးလိုက်တယ် ပြီးမှ ပြတင်းပေါက်တွေပိတ်ပြီးပြီလား အခန်းထဲကိုတစ်ချက်မျက်လုံးဝှေ့ကြည့်ပြီး အားလုံးပြီးမှ အခန်းမီးကိုပိတ်လိုက်ရင်းတံခါးကိုအသာအယာဖွင့်ပြီးဘေးဘက်ကကိုယ့်အခန်းရှိရာကိုထွက်လာခဲ့တယ်
ညီအခန်းကအထွက်မှာ
"မေမေ""fanfanအောက်ခဏလိုက်ခဲ့အုံးမင်းဖေဖေခေါ်နေတယ်"
အောက်ထပ်ဖေဖေရှိရာကိုဆင်းလာပြီးတော့
"ကျန်တော်ကိုဘာခိုင်းစရာရှိလို့လဲဖေဖေ""သားyifan မင်းကိုဖေဖေ အများကြီးမျှော်လင့်ထားတာမင်းအသိဆုံးပါ"
"ကျန်တော်ဖေဖေဂုဏ်ယူရတဲ့သားမျိုးဖြစ်အောင်ကြိုးစားနေပါတယ်"
"သားကအလုပ်နဲ့ပတ်သတ်ရင်ပြောစရာမလိုပေမယ့် အချစ်ရေး အသက်အရွယ်အရ လိုအပ်လာသလို ဆက်ခံသူနေရာအတွက်လဲ လိုအပ်တယ်သား"
"ကျန်တော် မစဉ်းစားချင်သေးဘူးဖေဖေ "
"ဒါဆိုဖေဖေရှာပေးရလိမ့်မယ်သား"
"ညီနဲ့သာအဆင်ပြေရင်ကျန်တော်လက်ခံနိုင်တယ်ဖေဖေ"
"မင်းစကားနဲ့မင်းဘဲနော် သွားအနားယူတော့ တစ်နေကုန်ပင်ပန်းလာရောပေါ့"
လေးပင်နေသောခြေလှမ်းတွေနဲ့အခန်းရှိရာစီတက်လာခဲ့တယ်
အခန်းထဲရောက်တာနဲ့အိပ်ယာပေါ်မှောက်အိပ်ပစ်လိုက်တယ်
"ဟူးးးး ညီ ကို စိတ်မချဘူး ကိုကို ဘယ်လိုလုပ်ရမလဲဟင်"
ညီ ရှိရာဘက်မျက်နှာမူပြီးရေရွတ်မိတယ်တစ်ဖက်ခန်းမှာတော့ အရုပ်ကလေးအတိုင်းနှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ကောင်လေးကတော့ ချို မြိန်တဲ့ အိမ်မက်ကမ္ဘာထဲ လက်ပစ်ကူးနေပုံပေါ်နေသလား ပါးပေါ်ကပါးချိုင့်လေးကတော့ထင်းနေလေရဲ့ ~~~~
***********
A/N
introမဝင်ဘဲpart-1တန်းတင်လိုက်တယ် အသစ်လေးထပ်ရေးထားတယ်ဆိုတော့ ရေးလက်လက်စတစ်ပုဒ်ပြီးတော့မှာမလို့ပါ readerတစ်ယောက်ကသုံးပွင့်ဆိုင်လေးဖတ်ချင်မိတယ်ဆိုလို့ ရေးဖို့စိတ်ကူးမိတာပါ တကယ်တော့EXO memberအချင်းချင်း ကိုသုံးပွင့်ဆိုင်လုပ်တာမကြိုက်ဘူး ဘာလို့လဲဆိုတော့ါကျန်ခဲ့တဲ့တစ်ယောက်ကိုသနားလို့ အခုတော့ကိုယ်တိုင်ရင်ကွဲခံပြီးရေးသွားပါ့မယ်လို့ ဒါနဲ့ဖတ်ကြမလားဟင် heexD
YOU ARE READING
'ညီ'အလိုကျ ~~~~
Fanfictionစေညွန်လိုက်ပါ ညီ~~ စေခိုင်းလိုက်ပါ ညီ~~ ကိုကို့အသက်ကိုတောင်စွန့်နိုင်တယ်ညီ~~ အားလုံးဖြစ်စေရမယ်ညီ~~ ကိုကို့ နှလုံးသားကိုရင်းရလဲရပါတယ်ညီ~~ ပျော်ရွင်ပါစေညီ~~